အညာရှေ့တန်းစစ်မျက်နှာက အမျိုးသမီးစနိုက်ပါသမား ရှောင်လုံဟာ ရန်သူတွေနဲ့ မီတာ ၅၀၀ အကွာမှာ တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက် ဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် သူကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ တော်လှန်ရေးအပေါ် ခံယူချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

Video – ယင်းမာပင်ခရိုင် တပ်ရင်း-၁

0 Shares:
You May Also Like
Read More

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေရဲ့ သင်တန်းကာလ အတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ်ခံယူချက် (ရုပ်/သံ)

ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force (S.A.F)) ရဲ့ အခြေခံပညာသင်တန်းဆင်း ကုန်ထုတ်လုပ်မှုဌာနက ရဲဘော် ပီကာချူးနဲ့ စစ်ဆင်‌ရေးဌာနက ရဲဘော်ပေါက်စတို့ဟာ သင်တန်းကာလအတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ် ခံယူချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ပစ/တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

''ကျနော် ၁/၂၀၂၄ က သင်တန်းဆင်းပါတယ်။ သင်တန်းမှာ သင်တန်းသားဦးရေ ၆၉၉ ယောက် ရှိပါတယ်။ ကျနော်တို့လည်းပဲ သူတို့လည်း ပေါ်တာဆွဲခံရတာများပါတယ်။ ထွက်ပြေးတဲ့သူလည်း များပါတယ်။ ပြန်ဖမ်းမိရင် ရုံးထဲမှာ ထိပ်တုံးခတ်ထားပြီး ရိုက်နှက်ပါတယ်။ လက်ကျိုးခြေကျိုးဖြစ်တာတွေလည်း တွေ့ခဲ့ရပါတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) ကိုယ်ပိုင်အမှတ်- တတ/၁၁၁၅၆၅ တပ်သား- ကိုကိုစိုး၏ ပြောကြားချက် (ရုပ်/သံ)

''အရာရှိတွေ၊ ဆရာတွေက သူတို့တစ်ဝမ်းအတွက်ပဲ သူတို့ကြည့်တယ်။ သူတို့ လက်နဲ့ ဆုပ်လိုက်ပြီး ပိုတဲ့ ဟာတွေပဲ စားရတယ်။ အာဟာရပြတ် ရေလည်း မသောက်ရတော့ စိတ်ဓာတ်တွေကျပြီး ဒီအတိုင်းဆက်နေရင်လည်း သေမယ်။ လမ်းလျှောက်ရရင်လည်း ပစ်ပစ်လဲတယ်။ သေနတ်လည်း မနိုင်တော့တာ။ ပြန်ပစ်ဖို့လည်း အားမရှိတော့ဘူး၊ ကျည်တစ်တောင့် ထွက်ဖို့ အားယူရတာ။ ထမင်းငတ်တာ တစ်လကျော်သွားပြီ။ ဆန်ပြုတ်ရေကြဲ တစ်နေ့တစ်ခွက်ပဲ သောက်ရတယ်”
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ၁၅နှစ်အရွယ် စစ်ကောင်စီတပ်သား တိုက်ပွဲနေရာတွင် အိပ်ပျော်ရင်း ကျန်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခံခဲ့ရတဲ့ အသက် (၁၅)နှစ်အရွယ် မောင်နေထက်လင်းကို စစ်သုံ့ပန်းအဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဖမ်းဆီးရမိခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ-၁၁၂ ကိုယ်ပိုင်အမှတ်- တ/၂၃၁၈၂၆ တပ်ကြပ်-ဆန်းမြင့်ဦး၏ ပြောကြားချက် (ရုပ်/သံ)

''စစ်တပ်ထဲ ကြုံခဲ့ရတာအများကြီးပဲ။ သူတို့က အဆင့်ရာထူးနဲ့ ကျနော်တို့ကို ရှိနေတဲ့ ဖုတ်လေတဲ့ ငပိ၊ ရှိတယ်လို့တောင် မအောက်မေ့ဘူး။ ကျနော်တို့ကို သူတို့အောက်က စီးထားတဲ့ ဖိနပ် တစ်ရံလောက်တောင် တန်ကြေးမထားဘူး။ ကျွန်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတယ်''
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ် – တတ/၁၁၁၅၁၅ တပ်သား- ချစ်မင်းသူ၏ ပြောကြားချက် (ရုပ်/သံ)

''မိုင်းယောင်မှာ နေတုန်းက ဆေးရောင်းတုန်း ဖမ်းခံထိတာ။ ဆေးက သွားယူတော့ မိုင်းယုမြို့က အပြန်မှာ အဖမ်းခံရတာ။ ခလရ ၃၃၄ က ဖမ်းဆီးတော့ ဗဟိုကင်းအချုပ်ထဲမှာ ထားတယ်။ တစ်ပတ်နေတော့ စစ်တပ်ထဲဝင်မလား၊ ထောင်ကျခံမလားမေးတယ်။ စစ်ထဲဝင်မယ်လို့ပြောတော့ ဗဟိုကင်းအချုပ်ထဲမှာ အကျယ်ချုပ်ပုံစံ ထားထားတယ်။ စစ်သင်တန်းဆင်းတော့ အာဏာသိမ်းပြီးပြီ။ အဲဒီနောက် မူဝါဒက ပိုပိုပြီးဆိုးလာတယ်''