ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၆ ရက်က စလို့ ဆီဆိုင်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေ လှုပ်ရှားရာနယ်မြေတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်တပ်နဲ့ PNO ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က စစ်သားအယောက် ၂၀ ခန့် သေဆုံးပြီး စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင်အဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၆ ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြေလတ်အသံ သတင်းထောက် ကိုသန်းထိုက်မြင့် ထောင်ဒဏ် ၅ နှစ်ချခံရ

မြေလတ်အသံသတင်းဌာနရဲ့ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သူနဲ့ အလုပ်အတူ တွဲလုပ်ဖူးသူ လုပ်ဖော်ကိုင်ဖက်တွေထံက သိရပါတယ်။
Read More

ရှေ့တန်းမှ ပြန်လာသည့် 96 Soldiers – အညာ​တပ်ခွဲမှ ရဲဘော်များကို ပြည်သူတွေ ကြိုဆို… (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ 96 Soldiers - အညာ​တပ်ခွဲက ရဲဘော်တွေကို တပ်ဖွဲ့စိုးမိုးနယ်မြေအတွင်းရှိ ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့အတွက် ကျေးရွာလူထုက တပ်ရိက္ခာ ဟင်းသီးဟင်းရွက်တွေ ကူညီထောက်ပံ့ လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်ကာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) က တော်လှန်ရဲဘော်တွေအတွက် ကျေးရွာလူထုက တပ်ရိက္ခာ ဟင်းသီးဟင်းရွက်တွေ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံးစီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးစီးမြို့နယ် ရေပူစမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရသည့် စစ်သား ၄ ဦး ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။