အမျိုးသမီးတွေပါဝင်တဲ့ စစ်မှုထမ်းအပတ်စဥ် (၁) သင်တန်းစတင်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပြီး သတင်းပေါက်ကြားမှုမရှိအောင် စစ်ကော်မရှင်က တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ Myanmar Defense & Security Institute – MDSI အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကော်မရှင်အနေနဲ့ ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး) အပတ်စဥ်သင်တန်းတွေကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အမှတ်(၄) အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) စတဲ့ စစ်သင်တန်းကျောင်းတွေမှာ ပုံမှန်ဖွင့်လှစ်လေ့ကျင့်ပေးနေပြီး အပတ်စဥ်(၁) သင်တန်းတွေ စတင်နေတာ ၂လနီးပါးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစစ်သင်တန်းပေးနေတဲ့ (ရကသ-၄) သင်တန်းကျောင်းဟာ တပ်ကြပ်ကြီး၊ စာရေး(အမျိုးသမီး)သင်တန်းနဲ့ အခြေခံတပ်သားသစ် (အမျိုးသမီး)သင်တန်းတွေ ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီးစစ်သင်တန်းကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။

စစ်မှုထမ်းသင်တန်းအတွက် စစ်ကော်မရှင်က နိုင်ငံတဝှမ်းက အမျိုးသမီးတွေကို မြို့ရွာရပ်ကွက်တွေအလိုက် စာရင်းကောက် ခေါ်ယူလာသလို စစ်ဆေးဖမ်းဆီးတာတွေလည်း လုပ်ဆောင်လာကြောင်း သိရပါတယ်။

စစ်ရေးပြအခမ်းအနားတစ်ခုမှ အမျိုးသမီး စစ်မေများ

ဒါ့အပြင် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှုတွေကြောင့် ရန်ကုန်နဲ့ နယ်တချို့က အမျိုးသမီးငယ်တွေ  ပျောက်ဆုံးမှုရှိလာကြောင်း Myanmar Defense & Security Institute – MDSI အဖွဲ့က ထုတ်ပြန်ထားပါတယ်။

“အမျိုးသားစစ်မှုထမ်း အမှတ် ၁၀ အပြီးတုန်းကလည်း ဒီလိုမျိုး အသံထွက်လာသေးတယ်ဗျ။ အမျိုးသမီးစာရင်း လိုက်ကောက်တာတွေ လုပ်လိုက်သေးတယ်။ ဒါပေမယ့် သူတို့ စကစ အထဲမှာတင် ဝေဖန်တာတွေ ဖြစ်လာလို့နဲ့တူတယ်၊ နောက်ပြန်ဆုတ်သွားတယ်။ အဲ့ဒါအပြီးတော့ အမျိုးသမီးသင်တန်းအတွက် လျှို့ဝှက်စီစဉ်နေတာတွေပဲ ကြားမိတယ်။ အခုကျမှပဲ အမျိုးသမီး အမှတ်စဉ် ၁ သင်တန်း စနေပြီဆိုပြီး သတင်းတွေတက်လာတယ်၊ ဒီတော့နောက် အမှတ်စဉ်တွေအတွက် အမျိုးသမီးတွေမှာ အန္တရာယ်တော်တော်များသွားပါပြီ။” လို့ ရန်ကုန်မြို့နေ စစ်ရေးလေ့လာသူ ၁ယောက်က မောင်းကိုပြောပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်ကော်မရှင် မတရားဖမ်းဆီးခေါ်ဆောင်ထားတဲ့ အမျိုးသား ပြည်သူ့စစ်မှုထမ်းတွေ စစ်မြေပြင်မှာ ထိခိုက်ကျဆုံးမှုများနေပြီး သက်ဆိုင်ရာမိသားစုတွေဆီ အဆက်မသွယ်ပေးဘဲ ဖုံးဖိခံထားရတယ်လို့ Myanmar Defense & Security Institute – MDSI အဖွဲ့က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်ခြင်းဟာ နိုင်ခြေကို လုံးဝ စွန့်လွှတ်ခြင်းဟု ဦးကိုကိုကြီး ပြော

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တစ်ယောက်သာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ မပြိုင်တာထက်စာရင် ပြိုင်တာက ကိုယ်စားပြုခွင့် အထိုက်အလျောက် ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ပျူစောထီးရွာကို ပို့ဆောင်မယ့် ရိက္ခာကားကို PDF က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။
Read More

စစ်ဗိုလ်ချုပ်များ ယူနီဖောင်းလဲကာ အုံလိုက်ကျင်းလိုက် ဝင်လာမည့် စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီ

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် သူတို့ရဲ့ လူယုံ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် တပ်ကြပ်ကြီး စာရေးတွေကအစ ကြံခိုင်ရေးပါတီထဲကို ပါတီဝင်အဖြစ် ပြောင်းလဲစေလွှတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

ရန်ကုန်မှာ စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူရေး သတင်းစကားမျှဝေမှု ဆက်တိုက်လုပ်ဆောင်နေ

ရန်ကုန်မြို့နေရာအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ လိုအပ်တဲ့ အချက်တွေ ပါဝင်တဲ့ သတင်းစကား စာရွက်တွေကို ရန်ကုန်တော်လှန်‌ရေးသပိတ်အင်အားစုတွေက ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးက အိုးဝေသမားတစ်ယောက် လူရော အိုးဝေပါ ပျောက်ဆုံးနေ

မန္တလေးမြို့၊ မဟာအောင်‌မြေမြို့နယ်မှာ နေထိုင်တဲ့ အိုးဝေသမားတစ်ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းကနေ ဒီနေ့အချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။