မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDSOM က သတင်းထုတ်ပြန်ထားပါတယ်။

သဩဂုတ်လ ၉ ရက် မနက်ပိုင်းက တလုပ်မြို့ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၈ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဟောင်ဝစ်ဇာလက်နက်ကြီး အလုံး ၃၀ ကျော် ပြန်လည်ပစ်ခတ်ခဲ့ပြီး စက်တပ်လေထီး ၃ စီးအပြင် Mi35 ရဟတ်ယာဉ်အသုံးပြုကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။

အကြမ်းဖက်စစ်တပ်က မြေပြင်ပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ မြင်းခြံဘက်မှ လက်နက်ကြီးပစ်ကူတွေကြောင့် စခန်းကို အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်သား ၈ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း)နဲ့ PDF (Taloke)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Hein Min Tun

0 Shares:
You May Also Like
Read More

အောင်လံမြို့နယ် နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်၊ စစ်သား ၈ ဦး သေပြီး စခန်းမျှော်စင်နှင့် ကင်းတဲ မီးလောင် (ရုပ်/သံ)

မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ဆုံးပါးခဲ့ရတဲ့ NLD ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး အိုးဘိုထောင်အတွင်း မတရားအကျဉ်းကျခံရကာ ကင်ဆာရောဂါကို လုံလောက်တဲ့ ဆေးကုသမှုမရဘဲ ဆုံးပါးခဲ့ရတဲ့  NLD ဗဟိုအလုပ်မှုဆောင် ကော်မတီ ဒုဥက္ကဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်နည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF ကထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ တမိုင်းတောင်စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ရဲ့ တမိုင်းတောင်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU - Mergui-Tavoy District က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပျူရွာမှာ အငတ်ဘေးကြုံ ဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို ၇ ဦးကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာသည့် စစ်အုပ်စုယာဉ်အား တိုက်ခိုက်မှု ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးမင်းသိန်းရဲ့ ကားကို ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။