အငြင်းပွားနေတဲ့ ရေပြင်မှာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောကို ဟန့်တားရာ တရုတ်ရဲ့ စစ်သင်္ဘောနဲ့ ကမ်းခြေစောင့်သင်္ဘောတို့ အချင်းချင်းတိုက်မိခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ်က သြဂုတ် ၁၁ ရက်မှာ ဗီဒီယိုနဲ့တကွ ဖော်ပြခဲ့ပါတယ်။ 

တိုက်မိခဲ့တာဟာ တရုတ်ရေတပ်ရဲ့ Type 52DL  Destroyer Guilin (164) နဲ့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ Coast Guard Cutter 3104 တို့ဖြစ်ပြီး တရုတ်ဘက်က ထိခိုက်မှုကို တရားဝင်သတင်း ထုတ်ထားတာမရှိသေးပါဘူး။ 

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ Coast Guard Cutter 3104 ဟာ ရေယာဉ်ဦးခေါင်းပိုင်း အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ်က ဆိုပါတယ်။ 

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မြိုင်မြို့ပေါ် စျေးဝယ်ထွက်လာတဲ့ ရဲ ၂ ယောက် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ ယောက်လုံးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ချောင်းဆုံဂိတ်ကနေ မြိုင်မြို့စျေးကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံး သေဆုံးပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာသည့် စစ်အုပ်စုယာဉ်အား တိုက်ခိုက်မှု ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးမင်းသိန်းရဲ့ ကားကို ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။
Read More

မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဂေါက်ကွင်းအတွင်းရှိ ဟိုတယ်နဲ့ Night Club မှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိတဲ့ အတွက် ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက် ခိုက်ခဲ့တယ်လို့ Youth Guerrilla Counter Revolution - NZ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ် မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်းထောင်လေးများ၏ တော်လှန်သင်္ကြန်သံချပ် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ခြင်းခံခဲ့ရတဲ့ မီးလောင်ပြင်တစ်နေရာက အညာပစ်တိုင်း‌ထောင်လေးများရဲ့ တော်လှန်သင်္ကြန်သံချပ်ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက  သတင်းထုတ်ပြန်ထားပါတယ်။