ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်ရဲ့ ထိုးစစ်ဆင်လာမှုကို PNLA က တစ်ပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်နဲ့ လက်ပါးစေပြည်သူ့စစ် ၁၀၀ ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ PNLA က ဆိုပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ကို PNLA အနေနဲ့ ခုခံတိုက်ခိုက်နေပေမယ့် အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လာတာကြောင့် နောင်ထောဝ်ကျေးရွာအနီးနဲ့ ကောင်ထိုကျေးရွာအနီးကနေ ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းအသုံးပြုကာ ကျေးရွာတွေအပြင် PNLO/PNLA ဌာနချုပ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နောင်ထောဝ်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေပြည်သူ့စစ်တွေဟာ သြဂုတ်လ ၉ ရက်မှာ နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက်နဲ့ နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၂၄ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စလောင်းထောင်ကျေးရွာက ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသား ၁ ယောက်ကိုလည်း PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေ PNO ပြည်သူ့စစ်ရဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ကာ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၂၀၀၀ ကျော်ခန့် တောတောင်ထဲနဲ့ အခြားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့် နွံကန်ပြိုကျမှုကြောင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင် အပါအဝင် သေဆုံးသူ ၃၂ ယောက်အထိ ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) စပေါ့ရွာမှာ နွံကန်ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ယောက်အထိ ရှိခဲ့ပြီး ကလေးငယ်တွေကနေ ကိုယ်ဝန်ဆောင်မိခင်အထိပါဝင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တော်လှန်ရေးကို မယုံ၊ တည်ဆောက်ရေးကိုသာ ယုံသည်ဆိုတဲ့ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ချင်လို့ အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်သေး

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 
Read More

တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူရွာ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ရွာရှိ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)…
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို စစ်တပ် လက်နက်ကြီးပစ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ သေဆုံးကလေးငယ်၏ ညီမဖြစ်သူလည်း လက်ပြတ်ကာ ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။