အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်တွေကို လူသားဒိုင်ကာအဖြစ် တိုက်ပွဲတွေမှာ အသုံးပြုနေတယ်လို့ ခလရ ၆၀ (ကျောက်ကြီး) မှ လက်နက်မဲ့ အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ် ကိုဇော်မင်းခိုင်ရဲ့ ပြောကြားချက်ကို ပဲခူးခရိုင်၊ အမှတ် – ၂ တပ်ရင်း၊ P2-3702 က ထုတ်ပြန်ပါတယ်။

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း ၂ P23702 ထံ အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ ခလရ ၆၀ (ကျောက်ကြီး) မှ ပသစအပတ်စဉ် (၉) သင်တန်းဆင်း ပြည်သူ့စစ် ၂ ယောက်နဲ့ ကမ်းရိုးတန်းဒေသ ကော့သောင်းအခြေစိုက် ခမရ ၅၉၃ မှ ပသစ အပတ်စဉ် (၅) သင်တန်းဆင်း ပြည်သူ့စစ် ၆ ယောက်တို့ အလင်းဝင်ရောက်လာပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံထိန်းသိမ်းထားတယ်လို့ ပဲခူးခရိုင် တပ်ရင်း ၂ – P23702 က ထုတ်ပြန်ထားပါတယ်။

Video – ပဲခူးခရိုင် တပ်ရင်း ၂ – P23702

0 Shares:
You May Also Like
Read More

ဟားခါးမြို့ ခလရ ၂၆၆ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၆၆ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော် အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၃/၂၀၂၂၅) ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို ၂ ရက် ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) က ရုပ်သံနဲ့တကွ မနေ့က ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။