နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ လကျော်အတွင်း အရပ်သား ပြည်သူ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဩဂုတ်လ ၁၂ ရက်အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၆၈) ယောက်နဲ့ အမျိုး သား (၇၈) ယောက် စုစုပေါင်း (၁၄၆) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၉) ယောက် ပါဝင်ပြီး သေဆုံးသူတွေထဲမှာ တနင်္သာရီတိုင်းမှာ (၂၇) ယောက်နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ကာ ကချင်ပြည်နယ်မှာ (၁၀) ယောက် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးကို ကျည်စထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်ကနေ  ဩဂုတ် ၁၂  ရက်၊ ၂၀၂၅ ခုနှစ်အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့်  ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၇၀၆၀) ယောက် သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ကို ပစ်သည့် ကျည်တိုင်းသည် တရားသောစစ် ဖြစ်ကြောင်း NUG ကာကွယ်ရေးဒုဝန်ကြီး ပြော

အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တဲ့ ကျည်တစ်တောင့်စီတိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က PDF တပ်မတော် (၄) နှစ်ပြည့်မှာ ပြောကြားလိုက်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Sky Villa ကွန်ဒို သေဆုံးသူများအတွက် တစ်ဦးကို သိန်း ၁၀၀ ကရုဏာထောက်ပံ့ကြေးပေးမည်ဟု ငလျင်အပြီး ၅လကျော်ကြာမှ ကြေညာ၊ တာဝန်ခံမှု၊ တောင်းပန်မှုမရှိသည့် ကုမ္ပဏီကို နစ်နာသူများ ဒေါသထွက်

ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတယ်လို့ ကြေညာရောင်းချခဲ့ပေမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုအတွင်း ပြိုကျကာ လူပေါင်း ရာနဲ့ချီ သေဆုံးစေခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ တာဝန်ရှိသူတွေက ငလျင်ပြီးလို့ ၅လကျော်အကြာမှာ သေဆုံးသူတစ်ယောက်စီကို သိန်း ၁၀၀ စီ ပေးမယ်လို့ ကြေညာပါတယ်။
Read More

ဖယ်ခုံမြို့နယ် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ “ဘာကြောင့် ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ကြဲရတာလဲ။ ငါတို့မှာ ဘာအပြစ်ရှိတာကြောင့်လဲ”

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိကျေးရွာအနီးက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 1007 MOBYE PDF 2 က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၂ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။