မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၁၂ ရက် မနေ့က မြင်းခြံမြို့အနီး အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ် ကင်းပုန်းကို MBT တပ်ဖွဲ့ ရဲဘော် ၂ ယောက်က မီတာ ၃၀ အတွင်း အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပေမယ့် လက်နက်ခဲယမ်းတွေ မကောက်ယူနိုင်ခဲ့ဘူးလို့ သိရပါတယ်။

စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ရဲဘော် ၂ ယောက်ကို MBT အဖွဲ့က ထူးချွန် တပ်သားဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

MBT တပ်ဖွဲ့အနေနဲ့ ခဲယမ်း လုံလောက်မှုမရှိတာကြောင့် နယ်မြေတချို့ လက်လွှတ်လိုက်ရပေမယ့် ပြောက်ကျားနည်းစနစ်ကို အသုံးပြုပြီး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ရွှေမြို့နယ်မှာ အင်အားရာချီသည့် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် စစ်ကြောင်းထိုး မီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ် ပူးပေါင်းတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၉) တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး Profile ကမ်ပိန်းတွင် မိမိလုံခြုံရေး စိတ်ချရသူများ ပါဝင်ပေးကြရန် တိုက်တွန်း

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
Read More

နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅သန်းကျော်အထိ စံချိန်တင်ပြည့်မှီ

NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းတွေက ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ကယ်တင်လွှဲပြောင်းပေးထားတယ်လို့ ဆို

ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြိတ်ခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာကြပါ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်၊ မြိတ်မြို့နယ် နဲ့ တနင်္သာရီမြို့နယ်တို့က လမ်းပိုင်းတချို့မှာ မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က အသိပေးထုတ်ပြန်လာပါတယ်။