ပဲခူးတိုင်းအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ နတ်သံကွင်း၊ ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းသင်တန်းဆင်း ပြည်သူ့စစ် (၈) ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ(၂၅)ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင် တပ်ရင်း ၂ က မနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

လက်နက်မဲ့ အလင်းဝင်လာတဲ့ ပြည်သူ့စစ် (၈) ယောက်ကတော့ ခလရ ၆၀ (ကျောက်ကြီး) က စစ်မှုထမ်းသင်တန်း အပတ်စဥ်(၉) သင်တန်းဆင်း ပြည်သူ့စစ် (၂) ယောက်နဲ့ ကမ်းရိုးတန်းဒေသ ကော့သောင်းမြို့အ​ခြေစိုက် ခမရ (၅၉၃) က အပတ်စဥ် (၅) သင်တန်းဆင်း ပြည်သူ့စစ် (၆) ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ပြည်သူ့စစ် (၈) ယောက်ကို ပဲခူးခရိုင် တပ်ရင်း ၂ အနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ စစ်သားတွေကို လက်ခံကြိုဆိုနေပြီး လူ့အခွင့်အရေးအပြည့်အဝရရှိစေမှာ ဖြစ်သလို လက်နက်နဲ့ အလင်းဝင်လာသူတွေကို ဆုငွေတွေ ချီးမြှင့်ပေးသွားမယ်လို့ ပဲခူးခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာသည့် ပြည်သူ့စစ် (၈) ဦးထဲမှ တစ်ဦး
0 Shares:
You May Also Like
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်မည်

ဒေါနစစ်ကြောင်း ၃ နဲ့ မွန်၊ ကရင်၊ ထားဝယ်က လက်နက်ကိုင်တပ်ဖွဲ့တွေ မဟာမိတ်အဖြစ်  ပူးပေါင်းကာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားမယ်လို့ Kanbauk Defense Force က သတင်းထုတ်ပြန်ပါတယ်။