ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုအတွင်း အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်ရဲ့ ထိုးစစ်ဆင်လာမှုကို PNLA က တစ်ပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်နဲ့ လက်ပါးစေပြည်သူ့စစ် ၁၀၀ ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ PNLA က ဆိုပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ကို PNLA အနေနဲ့ ခုခံတိုက်ခိုက်နေပေမယ့် အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လာတာကြောင့် နောင်ထောဝ်ကျေးရွာအနီးနဲ့ ကောင်ထိုကျေးရွာအနီးကနေ ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းအသုံးပြုကာ ကျေးရွာတွေအပြင် PNLO/PNLA ဌာနချုပ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နောင်ထောဝ်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေပြည်သူ့စစ်တွေဟာ သြဂုတ်လ ၉ ရက်မှာ နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက်နဲ့ နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့ရာ နေအိမ် ၂၄ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စလောင်းထောင်ကျေးရွာက ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသား ၁ ယောက်ကိုလည်း PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေ PNO ပြည်သူ့စစ်ရဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ကာ ဒေသခံတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၂၀၀၀ ကျော်ခန့် တောတောင်ထဲနဲ့ အခြားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ခလရ ၅၀ အခြေစိုက် စစ်အုပ်စုများ စိုင်ဒူးရွာကို သေနတ်ဖောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ရှော့တိုက်ဒုံးအပစ်ခံထားရတဲ့ ခလရ ၅၀တပ်က အကြမ်းဖက်စစ်အုပ်စုဟာ မြို့အနောက်မြောက်ဖက်ခြမ်း စိုင်ဒူးကျေးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ ရေကြီးမှုနဲ့ စပါးပိုးကျရောက်မှု​တို့ကြောင့် ပြည်သူလူထု အခက်အခဲကြုံနေရ

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ စက်တင်ဘာ လဆန်းပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းလာရာ စက်တင်ဘာလ (၆) ရက်ကနေ (၁၀) ရက်နေ့အတွင်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ပြည်သူတွေ ရေဘေး၊ မြေပြိုမှုဘေးနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်တပ်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
Read More

အခွင့်အရေးဆိုတာ တိုက်ယူမှရမယ်ဆိုပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေကို နှမျောတယ်လို့ အာဏာသိမ်းစစ်တပ် လက်ပါးစေ ကြံ့ခိုင်‌ရေးမှ သောင်းအေး ပြော

မတရားသဖြင့် စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ အခွင့်အရေးဆိုတာ တိုက်ယူရမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့အတူ လူငယ်တွေကို လမ်းမှားရောက်အောင် တွန်းပို့နေတယ်လို့ စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး သောင်းအေးက ပြောပါတယ်။
Read More

နိုင်ငံ၏ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်ဖြင့် ဖိနှိပ်အုပ်ချုပ်နိုင်တော့သည်ဟု NUG ဆို

မြန်မာနိုင်ငံရဲ့ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နိုင်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တော်လှန်ခုခံစစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။