ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့ရင်ခွင် Camp က CDM စစ်သား၊ ရဲနဲ့ မိသားစုဝင်တွေ ဩဂုတ်လ ၁၁ ရက်မှာ အခြေခံရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်အနေနဲ့ ရန်ပုံငွေရရှိမှုနဲ့ အခြေအနေ အခက်အခဲတွေကို မူတည်ပြီး နေရာဒေသအသီးသီးရှိ CDM စစ်သား၊ ရဲနဲ့ မိသားစုတွေကို ချိတ်ဆက်ဖြန့်ခွဲကာ ကူညီပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အခုလိုပံ့ပိုးကူညီမှုဟာ ပြည်သူ့တော်လှန်ရေးတစ်ရပ်လုံးရဲ့ လိုအပ်ချက်နဲ့ နှိုင်းယှဥ်ရင် မပြောပလောက်ပေမယ့် ဒီလို မမေ့မလျော့ဂုဏ်ပြုမှုဟာ အကြမ်းဖက်စစ်တပ်ကို စွန့်ခွါကာ ပြည်သူ့ဘက် ရပ်တည်လာခဲ့သူတွေအတွက် ရှေ့ဆက်နိုင်မယ့် အားတက်ဖွယ် ခွန်အားတစ်ရပ် ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသည့် စစ်သားများကို တိုက်ခိုက်၊ ၄ ဦး သေပြီး ၁ ဦး ထွက်ပြေးသွား

စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်တိုက်ခိုက်ရာ နေရာတင် စစ်သား ၄ယောက်သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သီပေါတွင် အမျိုးသားတစ်ဦး စစ်ကောင်စီလက်ကျန်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာမှာ ဒေသခံအမျိုးသား ၁ ယောက် စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိပြီး ညာခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲ၊ ၅ နှစ်အရွယ် ကလေးငယ်အပါ အရပ်သား ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်တိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ သစ်ဆိမ့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ယောက်ရှိခဲ့ကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများ အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။