တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၀ ရက် မနက်ပိုင်းက တနင်္သာရီမြို့နယ် တမုတ်ချုံးရွာမှာ ခြေကုပ်ယူ ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၅ နာရီကျော်ကြာဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေ အထိနာကာ တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။ အဲဒီနောက် လယ်တောင်ယာရွာမှာရှိနေတဲ့ စစ်ကူတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းပြန်ထိုးလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးမှာ စစ်ကော်မရှင်တပ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖနဲ့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း တပ်ခွဲ(၂)၊ တပ်ခွဲ (၃)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် ကျဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Video – တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်း စစ်တပ်ဂိတ်ကို အနီးနားအထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ က အကြမ်းဖက်စစ်တပ်ဂိတ်ကို ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး  ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ကာ မြေပြင်ကနေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။ 
Read More

စစ်တပ် ကေတုမတီလေဆိပ်၏ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် Jammer ကို အသေခံဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က "Operation Thunderbolt" စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျည်ကာကမ်ပိန်းမှာ ပါဝင်ကူညီကြဖို့ တောင်ညိုတပ်ရင်း မေတ္တာရပ်ခံ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ရာမှာ ကြယ်တွေ မကြွေစေဖို့ ကျပ်သိန်း ၁၀၀၀ ကျည်ကာ ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ တောင်ညိုတပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီးနှင့် လေကြောင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ယနေ့မနက် မန္တလေးမြို့တွင် ပြင်းအား ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီမနက် ၁၀ နာရီ ၅၂ မိနစ်ခန့်က အင်အား ၄.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ပြည်သူတွေ ထိတ်လန့်တကြား လမ်းပေါ်ပြေးထွက်ခဲ့ရတယ်လို့ သိရပါတယ်။