စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူတွေကို ဩဂုတ်လအတွင်း ထောက်ပံ့ကူညီမှုတွေ သွားရောက်ပြုလုပ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်က ချောင်းဦးမြို့နယ်၊ နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ We are people အဖွဲ့တို့ ပူးပေါင်းပြီး ထမင်း၊ အာဟာရဖျော်ရည်အေးနဲ့ မုန့်မျိုးစုံတို့ကို အာဟာရဒါန ကုသိုလ်ပြု လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၇ ရက်မှာလည်း ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ပြည်သူတွေကို ချောင်းဦးမြို့နယ်လူ့အခွင့်အရေးတာဝန်ခံနဲ့  (We are people)အဖွဲ့က လူမှုကွန်ရက်ကနေတစ်ဆင့် လှူဒါန်းတဲ့အလှူငွေတွေက်ု သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဟာ မကြာခဏဆိုသလို ခြေလျင် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ရှိသလို လေကြောင်းနဲ့ လက်နက်ကြီးကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကိုလည်း မကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

PDF အမည်ခံပြီး ငွေညှစ်နေသူများကို NUG/MOD အရေးမယူရင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးယူမည်ဖြစ်ကြောင်း Unicorn ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်းမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲ၊ ငွေညှစ်နေသူတွေကို NUG/MOD အနေနဲ့ အရေးယူခြင်းမလုပ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူသွားမယ့်အကြောင်း Unicorn ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမောက် မြို့သိမ်းတိုက်ပွဲ ၆ ရက်မြောက်တွင် တော်လှန်ရေးတပ်များ မြို့ကို ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မရမ်းကုန်းက တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်လာပါတယ်။ 
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။