စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-ကျောက္ကာလမ်းပိုင်းမှာ သံချပ်ကာကားတွေ အသုံးပြုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ရေနံချက်ဖိုတွေရှိရာ ရေနံကုန်းကွက်သစ်ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

သြဂုတ်လ ၁၂ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကနေ ထွက်လာတဲ့ အင်အား ၃၀၀ ပါ အကြမ်းဖက်စစ်အုပ်စုဟာ မုံရွာ-ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်ရင်း ကျောက္ကာရွာအနီးမှာရှိတဲ့ ရေနံကုန်းကို ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ၁ယောက်ရဲ့ ပြောပြချက်အရတော့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့ကစလို့ မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းကို စစ်ကြောင်း ၂ခု ပြိုင်ထိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“၈ရက်နေ့ကတည်းက စစ်ကြောင်းစထိုးလာတာဗျ။ အဲ့နေ့က တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်တော့ ပြန်ဆုတ်သွားတယ်။ နမခကနေ အီကိုမှာပြန်စုပြီး မနေ့က တစ်ခါစစ်ကြောင်းထိုးလာတယ်။ အဲ့လိုပဲ ညပိုင်းမှာ ပြန်ဆုတ်ပြီး ဒီမနက်ပြန်ထိုးတယ်။ အရင်နေ့တွေထိုးတုန်းကတော့ ကျောက္ကာရွာအစပ်က ကြက်ခြံတွေလောက်ပဲ မီးရှို့သွားတယ်။ အကြီးအကျယ်မရှိဘူး။ အိမ်တွေ ဆိုင်တွေ မွှေတာပဲရှိတယ်။ အခု သြဂုတ် ၁၂ ဒီနေ့ ရေနံကုန်းကို ရှို့တာတော့ အကြီးအကျယ်ရှို့တာပါပဲ။” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၁ယောက်က မောင်းကိုပြောပါတယ်။

မုံရွာ- ကျောက္ကာလမ်းပိုင်းရှိ ရေနံကုန်းကွက်သစ်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီးနေစဥ် (ဓာတ်ပုံ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး)

အဆိုပါ အကြမ်းဖက်စစ်ကြောင်းတွေထဲ ဘရာဇီးနိုင်ငံထုတ် လူသယ်သံချပ်ကာ အမြှောက်ကားတွေလည်း ပါဝင်ပြီး မုံရွာမြို့နယ် စီးပွားရေးတက္ကသိုလ်နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ကနေ စစ်ကြောင်းတွေ ထွက်လာနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး သံချပ်ကာ အမြှောက်ကားတွေအပါ လူအင်အားအလုံးအရင်းသုံးပြီး ဝင်ရောက်နေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုများပြီး စစ်ကြောင်းမတက်နိုင်ဘဲ ရှိနေတယ်လို့ သိရပါတယ်။

“ထိတွေ့မှုတွေက မုံရွာ-ကျောက္ကာလမ်းပိုင်းရော၊ မုံရွာ-အရာတော်လမ်းပိုင်းမှာရော ဖြစ်တာပါ။ အခုလည်း ကြိုကြားကြိုကြား ဖြစ်နေပါတယ်။ ၈ရက်နေ့က အင်အား ၁၅၀လောက်နဲ့ စထိုးတာ အဲ့မှာထိတွေ့မှုဖြစ်ပြီး သူတို့အကျများတော့ ပြန်ဆုတ်သွားတယ်။ အဲ့ဒါ ၁၁ရက်နေ့ကျ အင်အား ၃၀၀လောက်နဲ့ ပြန်ထိုးတယ်။ ဒီနေ့လည်း အဲ့လောက်ပါပဲ။ အများစုကတော့ ပြည်သူ့စစ်တွေရယ် နမခထဲက ကောင်တွေရယ်ပါ။”လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၁ယောက်က မောင်းကိုပြောပါတယ်။

မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းဟာ တဆက်တည်းရှိနေတာဖြစ်ပြီး မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ထဲက ထွက်လာတဲ့ စစ်ကြောင်းအပြင် အရာတော်မြို့နယ်အတွင်းကနေလည်း စစ်ကြောင်းထိုးတာမျိုးတွေ ရှိနေပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းတွေကြောင့် အထက်ပါ လမ်းပိုင်းမှာရှိတဲ့ ကျေးရွာ ၅ရွာထက်မနည်း ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်မှာ လူနာစောင့် အမျိုးသား၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀…
Read More

ပုသိမ်ကြီးနှင့် မတ္တရာတွင် လက်နက်တပ်ဆင်ပေးထားသည့် အပြာဝတ် ရလဖများအား စစ်ကောင်စီ ပိုမိုအသုံးပြုလာ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။
Read More

လောင်းလုံးမှာ စစ််ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် အရာရှိအပါ ၂ ယောက် သေ၊ နွေဦးပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော် အေကေလည်း မြင့်မြတ်စွာကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်​သားတွေကို တော်လှန်ရေးတပ်တွေက ​၂ ကြိမ်တိုင်တိုင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စျေးဝယ်ထွက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ စနိုက်ပါဖြင့် ပစ်ခံရပြီး ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ယောက်သေဆုံးခဲ့ကြောင်း Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။