စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား ချစ်မိုး အလင်းဝင်ရောက်လာတယ်လို့ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

တပ်သားချစ်မိုးဟာ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်း (Budalin Mobile Team – BMT) ၊ မုံရွာခရိုင် အမှတ်( ၂) တပ်ရင်း ရွာဇော်ကြီးတပ်ခွဲ (YZG) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)တို့နဲ့ ချိတ်ဆက် အလင်းဝင်ရောက်လာခဲ့ပြီး စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိတဲ့အတွက် သူဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လုပ်‌ဆောင်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Video – ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်း (Budalin Mobile Team – BMT)

0 Shares:
You May Also Like
Read More

ညောင်ခြေထောက်ဆေးရုံအတွင်း ‌တောင်ကျရေ စီးဝင်လာသည့်အတွက် လူနာများ အရေးပေါ် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ ဆေးရုံအတွင်း တောင်ကျရေများ စီးဝင်လာတဲ့ အတွက် လူနာများအား အရေးပေါ်ရွေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ယနေ့စက်တင်ဘာ ၃၀ ရက် နံနက်အစောပိုင်းက ညောင်ခြေထောက်မြို့ ဆေးရုံဝန်းအတွင်း တောင် ကျရေများ စီးဝင်လာပြီး လူနာများ ပိတ်မိနေတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ပိတ်မိနေတဲ့ လူနာများအား လူမှုကူညီအသင်း‌တွေက လှေများ၊ လူနာတင်ယာဉ်များဖြင့် ကူညီကယ် ဆယ်ခဲ့ကြပြီး အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

ရေတိုက်စားမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတားပျက်စီး (ရုပ်/သံ)

မိထ္ထီလာ - ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတား ၁ စင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားပြီး လမ်းပိတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ်-၂၊ တပ်ခွဲ-၃ KRA အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ အမှတ် (၁) စစ်ဒေသ ကျောက်ဆည်ခရိုင်၊ တပ်ရင်း အမှတ်-၂၊ တပ်ခွဲ - ၃ KRA ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကြောင်း အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူစခန်းအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာလာပို့တဲ့ စစ်တပ်အမြန်ရေယာဉ် ၂ စီးကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အုန်းပင်ဆိပ်ကမ်းမကနေ အောက်ဘက်သို့ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် အမြန်ရေယာဉ် ၂ စီးကို ဒီဇင်ဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Chindwindy-namite က ထုတ်ပြန်လိုက်ပါတယ်။