စစ်ကော်မရှင်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာာရှင်တွေကို နိုင်ငံရေးဦးဆောင်ခွင့်အာဏာ အကန့်အသတ်မရှိ ပေးအပ်စေမှာ ဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်းရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူရမှာ ဖြစ်ပြီး  ကရင့်အာဇာနည်‌တွေရဲ့ ပေးဆပ်သွားတဲ့ မျှော်လင့်ချက်တွေ၊ အဓိပ္ပာယ်‌တွေ အပြည့်အဝရရှိရေးအတွက် စည်းလုံးစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လည်း မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု ရရှိရေးအတွက် ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဥ်နေတာပဲ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲ ကျင်းပခြင်းဟာ လူငယ်တွေရဲ့ အနာဂတ် ကံကြမ္မာကို အဆုံးသတ် ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူရမှာ ဖြစ်တယ်” လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကရင့်အာဇာနည်နေ့  မိန့်ခွန်းမှာ ဆိုထားပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

စစ်အာဏာရှင်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက် ကျရာကဏ္ဍကနေ နည်းလမ်းအသွယ်သွယ်နဲ့ ပူးပေါင်းဆောင်ရွက်ကြပြီး နိုင်ငံကို ဖက်ဒရယ်ဒိမိုကရေစီ ပြည်ထောင်စ အဖြစ် တည်ဆောက်သွားရမှာ ဖြစ်သလို KNU ရဲ့ ရည်မှန်းချက်အတိုင်း လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တခြာသော အဖွဲ့အစည်းတွေ၊ လူမျိုးစု ပြည်သူလူထုတွေအားလုံး အတူလက်တွဲကာ စစ်အုပ်စုကို တိုက်ဖျက်သွားရမယ်လို့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗမာစစ်အာဏာရှင်တွေဟာ ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံအာဏာကို အဓမ္မလုယူသိမ်းပိုက်ကာ စစ်အုပ်ချုပ်ရေးပုံစံအမျိုးမျိုးနဲ့ ယနေ့ထိတိုင် အုပ်ချုပ်နေကြောင်း၊ လူမျိုးတွေ ပြည်သူတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်နေခဲ့ကြောင်း၊  ၂၀၂၁ ခုနှစ်မှာတော့ ပြည်သူတွေရဲ့ ဆန့်ကျင်တွန်းလှန်မှုဟာ ပြင်းထန်တာကြောင့် စစ်အုပ်စုက အခြေအနေတွေကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့သလို စစ်အာဏာရှင်တွေရဲ့ ဇာတ်သိမ်းကို မြင်နေရပြီ ဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါကြောင့် ကရင့်အမျိုးသား အာဇာနည်တွေကို အဓိဌာန်ပြု တိုင်တည်ပြီး အာဇာနည်‌တွေရဲ့ ပေးဆပ်သွားတဲ့ မျှော်လင့်ချက်တွေ၊ စတေးပေးဆပ်ခဲ့တဲ့ အဓိပ္ပာယ်‌တွေ ပြည့်ဝရရှိရေးအတွက် စည်းလုံးစွာ အကောင်ထည်ဖော် ဆောင်ရွက်သွားကြဖို့ ကရင့်အာဇာနည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်(၃၀၀) ဗုံး (၂) လုံး အပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ရာ ဒေသခံ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး (၂) လုံးအပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တူမီး၊ လက်လုပ်သေနတ်များဖြင့် စစ်အုပ်စုကို တော်လှန်ခဲ့သည့် KNDF တပ်ရင်းအမှတ် ၁၂ တည်ထောင်မှု (၄) နှစ် ပြည့်ပြီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁၂ ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အောက်တိုဘာလ ၁ ရက် မနေ့က ၄ နှစ်ပြည့်မြောက်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီး ပျက်စီး… စစ်ကောင်စီတပ်က ပြည်သူ (၂) ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၁) လုံးနဲ့ ဆိုင်ကယ် (၁) စီးတို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)‌‌‌‌‌‌ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တောင်ပိုင်းစစ်ဒေသ တရားဝင်ထုတ်ပြန်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)‌‌‌‌‌‌ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံ ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဟု နိုင်ငံအနှံ့ နေ့စဥ် လေကြောင်းဗုံးကြဲနေသည့် စစ်ခေါင်းဆောင် ပြော၊ ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းသူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲပေးရန် မင်းအောင်လှိုင် လိုက်လံစည်းရုံး

နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ မနေ့က စစ်အုပ်စု ဝါဒဖြန့်မီဒီယာကနေ ထုတ်ပြန်ထားပါတယ်။