အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး လက်တွဲညီညီ ကြိုးစားမယ်ဆိုရင် ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ မဝေးတော့တဲ့ လက်တကမ်းအကွာမှာ ရောက်ရှိနေပြီလို့ NUG က ပြောပါတယ်။

သြဂုတ်လ ၁၂ရက်၊ ဒီနေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ NUG ရဲ့ ဂါရဝပြုသဝဏ်လွှာမှာ အခုလို ထည့်သွင်းပြောဆိုထားတာပါ။

၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ရက်မှာ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးနဲ့ ဗိုလ်ချုပ် စောစိုင်းကေတို့ဟာ ကော့ကရိတ်မြို့နယ်၊ ထိုကော်ကိုးရွာမှာ အကြမ်းဖက်စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ပါတယ်။ အဆိုပါနေ့ဟာ ကရင့်တော်လှန်ရေးသမိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့တာ ၇၅ နှစ် ရှိခဲ့ပြီလို့ ဆိုပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ဒီနေ့ နွေဦးတော်လှန်ရေးကာလအထိ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ချက်တဲ့ လမ်းညွှန်မှု ၄ ချက်ကို စွဲကိုင်ပြီး ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စွန့်လွှတ်တိုက်ပွဲဝင်နေတဲ့ KNU/KNLA အတွက် အများစွာ လေးစားဂုဏ်ယူတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်တော်လှန်ရေး ရည်မှန်းချက်တွေ အောင်မြင်စေကြောင်း NUG က ဆုမွန်ကောင်းတောင်းပေးသလို ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ ကရင်တိုင်းရင်းသားပြည်သူတွေနဲ့ ကရင်တော်လှန်ရေး ရဲဘော်ရဲဘက် အားလုံးကို ဂါရဝါပြုတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေး ၄ နှစ်ကျော်ကာလ ရောက်လာချိန်မှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး ဆိုတဲ့ တော်လှန်ရေး ဘုံရည်မှန်းချက်တွေဟာ လက်တစ်ကမ်းအကွာကို ရောက်ရှိလာနေပြီး PDF တွေနဲ့ မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ လက်တွဲညီညီ ကြိုးစားမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှာဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြောင်လမ်းခွဲတွင် ပိုက်ဆံကောက်ရန် ထွက်လာသည့် စစ်အုပ်စုကား မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြောင်လမ်းခွဲ အထိုင်စခန်းမှာ ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
Read More

ညောင်ဦးတွင် စစ်ကောင်စီက ထောင်နှင့်ချီသည့် အရပ်သားများကို စစ်မှုထမ်းခိုင်းဖို့ကြိုးစားနေ၊ ခရီးသွားများကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများရှိလာ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်မှုထမ်းခိုင်းဖို့လုပ်ဆောင်နေသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
Read More

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက အပတ်စဥ် ၈ စစ်သင်တန်းဆင်း ရဲဘော်တွေရဲ့ အမှတ်တရပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သားပြည်သူ ၈၆ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၈၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။