မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ၁၁ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ သြဂုတ် ၁ ရက်နဲ့  ၂ ရက်တို့ စစ် ကြောင်းကွဲပြီး တပ်လန့်ပြေးတဲ့အထိ တိုက်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ အင်အားဖြည့်တင်းပြီး လေကြောင်းပစ်ကူအများအပြားအသုံးပြုကာ ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်စခန်းအချို့ လက်လွှတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

“၃၁ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပဲဆိုပါတော့။ ဒီမနက်တောင် တိုက်ပွဲထပ်ဖြစ်ပါတယ်။ စခန်းတချို့လက်လွှတ်လိုက်ရပေမယ့် ကျနော်တို့ မဆုတ်သေးပါဘူး။ သူတို့ဘက်က အကျအဆုံးများနေပါတယ်” လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

တိုက်ပွဲတွင်း MBT တပ်ဖွဲ့ကလည်း အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ဇော်ကြီး (တပ်စိပ်မှူး)၊ ရဲဘော်ဝန (ဒု- တပ်စိပ်မှူး)၊ ရဲဘော်ကျွဲကြီး၊ ရဲဘော် Black Shar နဲ့ MBTစစ်ကြောင်း – ၅ က ရဲဘော်ကိုဖက်၊ စုစုပေါင်း ရဲဘော် (၅) ယောက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ လာရောက်ကူညီအားဖြည့်ပေးခဲ့တဲ့ တပ်ရင်း (၁၊ ၂၊ ၇၊ ၈)၊ ဗိုလ်စားပြောက်တပ်၊ ဝံပုလွေတပ်ဖွဲ့၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖနဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေကိုလည်း MBT က ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

Video – Myingyan Black Tiger (MBT)

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် အမြန်ရေယာဥ် ၂စီးဖြင့် ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဖို့ အမြန်ရေယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ် ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့နယ်မှာ ဘောလုံးပွဲကြည့်နေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ မြန်မာနှင့်ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းကို လက်ဖက်ရည်ဆိုင်မှာ အားပေးနေတဲ့ အရပ်သားတွေ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၂၀ နီးပါးထိရှိလာပြီဖြစ်တယ်လို့ ဒေသခံများဆီက သိရပါတယ်။ ဒီဇင်ဘာ ၅ ရက် ညပိုင်းက မိတ္ထီလာရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG - 29 ဂျက်ဖိုက်တာ ၁ စီးဟာ မရကန်ကျေးရွာမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီး အသင်း ဘောလုံးပွဲကို ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

”ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်”

''ဒီတော်လှန်ရေးအောင်ပွဲရဲ့ ရလဒ်က အင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့နိုင်ငံအတွက် ခေတ်သစ်၊ စနစ်သစ်၊ သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးဟာ ကျနော်တို့အားလုံး ရင်းနှီးရကျိုးနပ်ပါလိမ့်မယ်"
Read More

မီတာကြေးလာကောက်သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူအထိုင်စခန်းကနေ ကံရွာသို့ မီတာကြေးလာကောက် တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက်က တိုက်ခိုက်ခဲ့တယ်လို့ Justice Warriors Force အဖွဲ့ထံက သိရပါတယ်။
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း နယ်မြေစိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေကြောင်း မတ္တရာ ပကဖ ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်ထောင်စုအဆင့်နဲ့ အင်အား ၄၀၀၀ ခန့်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က အစွမ်းကုန်ကာကွယ်လျက်ရှိတယ်လို့ မတ္တရာမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။