မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးသီးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ရင်း စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်ဆောင်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၂ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ မတ္တရာမြို့နယ်အရှေ့တောင်ပိုင်းမှာရှိတဲ့ ကျောက်တံတား၊ လက်ဝဲကြီးနဲ့ ထန်းပင်ကုန်းရွာ အနီးတဝိုက်တို့ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၃၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေ့လယ်ပိုင်းမှာလည်း အထက်ပါ ကျေးရွာတွေဆီ လေယာဥ်ပေါ်ကနေ စက်လက်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သလို ထန်းပင်ကုန်းကျေးရွာကို စစ်ကြောင်းဝင်ရောက်ကာ မီးရှို့ခဲ့ပါသေးတယ်။

ထပ်မံပြီးတော့လည်း ညနေပိုင်းအချိန်ကစလို့ မတ္တရာမြို့ပေါ်တပ်စွဲထားတဲ့ စစ်အုပ်စုတွေက လေကြောင်းတိုက်ခိုက်ထားတဲ့နေရာတွေကို လက်နက်ကြီး ၅လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကြောင်းထိုးမပေါက်တာတွေဖြစ်တော့ သူတို့အတွက် လေကြောင်းကိုပဲ ဆက်တိုက်အားကိုးနေရသလို ဖြစ်နေတာ” လို့ Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အလားတူ ဒီနေ့ညနေပိုင်းမှာလည်း ဝက်လက်မြို့နယ်၊ ပြွတ်ချောင်းရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာပေါ်ကနေ ဗုံးသီး ၃လုံး ကြဲချရင်း ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါသေးတယ်။

လက်ရှိမှာ မန္တလေးတိုင်းအတွင်းက မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်အပြင် နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်တို့မှာလည်း အကြမ်းဖက်စစ်ကော်မရှင် စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေရှိနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနဲ့ လည်ပတ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင်လ (၂၅) ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးနယ်အရှေ့ဘက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို စစ်အုပ်စုကဗုံးကြဲ၍ ဒေသခံ သုံးဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့ဘက်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စုကဗုံးကြဲလို့ ဒေသခံ သုံးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

မြိုင်မြို့ပေါ်အထိတက်မည့် စစ်တပ်စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်၊ စစ်သားအလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ မြိုင်မြို့ပေါ်အထိတက်မယ့် အကြမ်းဖက်စစ်ကြောင်းကို ပြန်လည်ဆုတ်ခွာသွားအောင် ခုခံတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက်စစ်သားအလောင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ မီးရှို့ခဲဲ့တဲ့ရွာကို လျှပ်စစ်မီးရအောင် MBT တပ်ဖွဲ့ ဆောင်ရွက်ပေးခဲ့ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ကျေးရွာတွေထဲက ရွာတစ်ရွာကို လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က အသိပေးလာပါတယ်။