သြဂုတ်လ ၁၂ရက် ဒီနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ဌာနချုပ် မယ်သမီခီး (ထီးခီး) မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

အဆိုပါ အခမ်းအနားကို မြိတ်ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဖလို့စိုးဝေး၊ တပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးထော တို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေ၊ ကရင်လူငယ်အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ဌာနဆိုင်ရာလူငယ်တွေ၊ ကရင်အမျိုးသမီးခေါင်းဆောင်တွေနဲ့ ပြည်သူလူထု အပါအဝင် အယောက် (၄၀၀) ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လှည်းကူး အုန်းနှဲကုန်းရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ၊ သေဆုံးသူများ ရှိနိုင်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ ထိခိုက်မှုရှိနိုင်တယ်လို့ Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီ ကြိုးပမ်းလာနေ

ကရင်နီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာနေပြီး စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေရှိနေကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့်၊ ပူးပေါင်းဆောင်ရွက်မည့် NLD ပါတီဝင်များကို အရေးယူမည်ဟု NLD ကြေညာ

လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ NLD ပါတီဝင်တွေ ဝင်ရောက်ယှဉ်ပြိုင်တာတွေ၊ ပါဝင်ဆောင်ရွက်တာတွေကို လုပ်ဆောင်ရင် အရေးယူသွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ သတင်းကြေညာလိုက်ပါတယ်။ 
Read More

ရေဦးမှာ လူငယ်အယောက် ၂၀ ထက်မနည်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီး…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်တွေက လူငယ်အယောက် ၂၀ ထက်မနည်းကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။