အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်သားတွေဟာ MA – 1 သေနတ် ၂ လက်၊ ကျည်ဆံ အတောင့် ၃၀၀၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၂ လုံး ယူဆောင်အလင်းဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သေနတ်ယူဆောင်လာတဲ့ လူငယ် ၂ ယောက်ကို သိန်း ၅၀ စီ ဆုချီးမြှင့်ခဲ့ကာ ကျန်တဲ့လူတွေကို ၅ သိန်းစီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Video – ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

ပျူရွာမှာ အငတ်ဘေးကြုံ ဒုက္ခရောက်နေသည့် သက်ကြီးရွယ်အို ၇ ဦးကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှာ အငတ်ဘေးကြုံဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အို ၇ ယောက်ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ PDF ရဲဘော်တွေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာအား မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း မီးရရှိအောင် ဆောင်ရွက်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာ ၁ ရွာကို လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းက ကြိုးစားလုပ်ဆောင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်း မီးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းမယ့် “ကျားမဲဟိန်းသံမြိုသိုညံ” သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်းဝတ်စုံတွေ ဖြည့်တင်းနိုင် ဖို့ "ကျားမဲဟိန်းသံမြိုသိုညံ" သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။