မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့မှာ ဆိုင်ကယ်နဲ့ မင်္ဂလာဆောင်သွားတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၁ယောက် သေဆုံးကာ ၂ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံမြောက်ပိုင်းသား‌ပြောက်ကျားတပ်ဖွဲ့ (MNGF) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ရက်နေ့က ဆီမီးခုံမြို့ရဲစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စု ဆိုင်ကယ် ၅စီးကို တော်လှန်ရေးတပ်တွေက လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

စစ်အုပ်စုတွေဟာ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်အမျိုးသမီးရဲ့ မင်္ဂလာပွဲကို ထွက်ခွာလာကြတာဖြစ်ပြီး တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရာတင် ၁ယောက်သေကာ ၂ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်နေချိန်အတွင်း ဆီမီးခုံဆေးရုံအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဆီက လက်၄၀မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာမျိုး ရှိခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယိ။

အဲ့ဒီနောက်မှာတော့ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားသူတွေကို ဆေးကုသဖို့ ဆီမီးခုံရေတပ်ဆီ ပြန်လည်သယ်ဆောင်သွားကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့အကျိုးပြုတပ်ပေါင်းစု၊ မြင်းခြံမြောက်ပိုင်းသား‌ပြောက်ကျားတပ်ဖွဲ့ (MNGF)၊ SMK GROUP၊ MyinGyan Danger Dynamite ၊ မြောင်မြို့နယ် ပြန်ကြားရေးတာဝန်ခံအဖွဲ့နဲ့မဟာမိတ် အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

PLA ၊ ABSDF နဲ့ BPLA တို့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

လွတ်မြောက်ဒေသတစ်နေရာက စာသင်ကျောင်းတစ်ကျောင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၈ ရက်မှာ စာသင်ကျောင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။ 
Read More

လားရှိုးကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကားဝပ်ရှော့နဲ့ ကား ၁၂ စီး ပျက်စီးဆုံးရှုံးခဲ့ရ

လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့ပေါ်မှာ ပကဖ ရဲဘော်များက ကင်းလှည့်ကာ  ရှောင်တခင် စစ်ဆေး၊ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ကြောင်း ထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းက ခရီးသွားပြည်သူတွေကို လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းတွင် စစ်ဆေးရန် ရပ်မပေးသည့် စစ်အုပ်စု အိမ်စီးကားကို ပစ်ခတ်ရာ အဆောင်ယတြာနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမှာ စစ်အုပ်စု မောင်းနှင်လာတဲ့ အိမ်စီးကားကို စစ်ဆေးဖို့ ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) တာဝန်ခံထံက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိနေတဲ့ ကယားပြည်နယ်ခန်းမကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်ခန်းမအတွင်းကို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိကာ ညစာစားပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။