တနင်္သာရီတိုင်း၊ ပုလောမြို့နယ် နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၀ ရက် မနက်ပိုင်းက နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂိတ်စခန်းရှိ စစ်သား ၁ ယောက်သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ အကြမ်းဖက်စစ်တပ်ကနေ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင် တပ်သားတွေကို အခွင့်အရေးရတာနဲ့တပြိုင်နက် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်တွေအနီး နေထိုင်ခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Video – KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

ဗိုလ်တထောင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကွန်တိန်နာယာဉ်နှင့် စျေးဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

နဂါးဖြူတပ်ရင်းနှင့် SOF တို့ အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရင်းကို နဂါးဖြူတပ်ရင်းနဲ့ SOF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို White Dragon -P29904 က ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု ၈ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၈ ယောက်သေခဲ့တယ်လို့ နတ်စစ်သည် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးကြဲကာ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်အရှေ့ဘက်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၁၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ကျော်မင်းထွန်း၏ ပြောကြားချက် (ရုပ်/သံ)

''မတိုက်ခိုက်ချင်ဘူး၊ တစ်ဖက်နဲ့ တစ်ဖက်ရန်သူတွေလို ဘာမှာမဟုတ်ဘဲနဲ့ မတိုက်ခိုက်ချင်ဘူး။ သူတို့ရဲ့ တစ်ဖက်စီးနင်းနဲ့ အာဏာသုံးပြီး ဘယ်လိုဒုက္ခတွေပဲဖြစ်ဖြစ် ဝင်ကို ဝင်ရမယ်၊ (စစ်မှုထမ်းထဲ) ညီလေးတို့အပါအဝင် ပြည်သူလူထုတွေလည်း ဒုက္ခရောက်နေတာ''