စစ်ကော်မရှင်ကနေ နည်းလမ်းပေါင်းစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာာရှင်တွေကို နိုင်ငံရေးဦးဆောင်ခွင့်အာဏာ အကန့်အသတ်မရှိ ပေးအပ်စေမှာ ဖြစ်တယ်လို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့၊ ကရင့်အာဇာနည်နေ့မှာ ကရင်အမျိုးသားအစည်းရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူရမှာ ဖြစ်ပြီး  ကရင့်အာဇာနည်‌တွေရဲ့ ပေးဆပ်သွားတဲ့ မျှော်လင့်ချက်တွေ၊ အဓိပ္ပာယ်‌တွေ အပြည့်အဝရရှိရေးအတွက် စည်းလုံးစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လည်း မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု ရရှိရေးအတွက် ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဥ်နေတာပဲ ဖြစ်ပါတယ်။

“ရွေးကောက်ပွဲ ကျင်းပခြင်းဟာ လူငယ်တွေရဲ့ အနာဂတ် ကံကြမ္မာကို အဆုံးသတ် ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံးရဲ့ တာဝန်အနေနဲ့ မှတ်ယူရမှာ ဖြစ်တယ်” လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကရင့်အာဇာနည်နေ့  မိန့်ခွန်းမှာ ဆိုထားပါတယ်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း

စစ်အာဏာရှင်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက် ကျရာကဏ္ဍကနေ နည်းလမ်းအသွယ်သွယ်နဲ့ ပူးပေါင်းဆောင်ရွက်ကြပြီး နိုင်ငံကို ဖက်ဒရယ်ဒိမိုကရေစီ ပြည်ထောင်စ အဖြစ် တည်ဆောက်သွားရမှာ ဖြစ်သလို KNU ရဲ့ ရည်မှန်းချက်အတိုင်း လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တခြာသော အဖွဲ့အစည်းတွေ၊ လူမျိုးစု ပြည်သူလူထုတွေအားလုံး အတူလက်တွဲကာ စစ်အုပ်စုကို တိုက်ဖျက်သွားရမယ်လို့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗမာစစ်အာဏာရှင်တွေဟာ ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံအာဏာကို အဓမ္မလုယူသိမ်းပိုက်ကာ စစ်အုပ်ချုပ်ရေးပုံစံအမျိုးမျိုးနဲ့ ယနေ့ထိတိုင် အုပ်ချုပ်နေကြောင်း၊ လူမျိုးတွေ ပြည်သူတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်နေခဲ့ကြောင်း၊  ၂၀၂၁ ခုနှစ်မှာတော့ ပြည်သူတွေရဲ့ ဆန့်ကျင်တွန်းလှန်မှုဟာ ပြင်းထန်တာကြောင့် စစ်အုပ်စုက အခြေအနေတွေကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့သလို စစ်အာဏာရှင်တွေရဲ့ ဇာတ်သိမ်းကို မြင်နေရပြီ ဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါကြောင့် ကရင့်အမျိုးသား အာဇာနည်တွေကို အဓိဌာန်ပြု တိုင်တည်ပြီး အာဇာနည်‌တွေရဲ့ ပေးဆပ်သွားတဲ့ မျှော်လင့်ချက်တွေ၊ စတေးပေးဆပ်ခဲ့တဲ့ အဓိပ္ပာယ်‌တွေ ပြည့်ဝရရှိရေးအတွက် စည်းလုံးစွာ အကောင်ထည်ဖော် ဆောင်ရွက်သွားကြဖို့ ကရင့်အာဇာနည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်တွင် ကျောင်းဆရာမ တဦး အသတ်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အငြိမ်စားကျောင်းဆရာမ တယောက်နေအိမ်အတွင်းထဲ အသတ်ခံရပြီး သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေဆီက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) IHL သင်တန်းကို ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ IHL သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာတွင် ဆက်ကြေးကောက်ရန်ထွက်လာသည့် ရဲများကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါ ရဲ ၄ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်မှာ အိမ်စီးကားတစီးနဲ့ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ရာ ရဲအရာရှိ ၃ ယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Budalin Mobile Team ထံက သိရပါတယ်။ 
Read More

နောင်ချိုကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။