စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။

သြဂုတ်လ ၁၁ရက်၊ မနေ့ နေ့လယ်ပိုင်းမှာ စစ်ကိုင်းမြို့မြောက်ဘက်ခြမ်း၊ တောင်ရင်းကျေးရွာ ၁၄ မိုင် အနီးတစ်ဝိုက် စစ်ကိုင်း- ကျောက်မြောင်းလမ်းပိုင်းခေါ် အမှတ် ၃ ဗျူဟာလမ်းပိုင်းပေါ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ စစ်ရေးအရပိတ်ဆို့ထားရတဲ့ တောင်ရင်းကျေးရွာ ၁၄ မိုင် အနီးတဝိုက်ကို တံတားဦးနဲ့ မိတ္ထီလာတက် ဂျက်ဖိုက်တာ ၄ စီး အသုံးပြုပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လမ်းပိတ်ထားရာ အလယ်တည့်တည့်ကို ဗုံးသီး ၁၂ လုံး ကြဲချရင်း ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ဆီဘောက်ဆာကားနဲ့ တွဲကားတွေအပါ နေအိမ်အဆောက်အဦးတချို့ မီးလောင်ပျက်စီးပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“စစ်ကြောင်းရှိလို့ စစ်ရေးအရ ပိတ်မိနေတဲ့ နေရာအလယ်တည့်တည့်ကို ကြဲချသွားတာပါ။ ဆီကားတွေ တွဲကားတွေ မီးလောင်ဆုံးရှုံးသွားတယ်။ ပြည်သူ ၇ ယောက် သေ ပြီး ၅ ယောက် ထိခိုက်သွားပါတယ်။ မနေ့က နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်မှာ လုပ်သွားတာပါ” လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

အဲဒီနောက် ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို မြေပြင်အရပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကယ်ထုတ်ခေါ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။

လက်ရှိအခြေအနေအရ စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ ဝက်လက်၊ ကျွန်းလှ၊ ကန့်ဘလူ၊ မုံရွာ စတဲ့ မြို့နယ်တွေကို စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းအလုံးအရင်းသုံး ဝင်ရောက်တာတွေရှိသလို တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

စစ်အုပ်စုဗုံးကြဲခဲ့သည့်နေရာအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေစဥ် (ဓာတ်ပုံ oo shine)

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် အမျိုးသမီး ၁ဦးကို အပိုင်းပိုင်း ခုတ်သတ်ကာ အခန်းအပြင်ဘက် စွန့်ပစ်ခဲ့၊ စစ်အုပ်စုလက်အောက်တွင် ပြည်သူများ လုံခြုံမှုမရှိတော့ကြောင်း ဝေဖန်မှု မြင့်တက်နေ

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land Hotel မှာ အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မရမ်းကုန်းက တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်လာပါတယ်။ 
Read More

ဒီပဲယင်းမြို့နယ် ပအဖ က လမ်းပြုပြင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီး ပြုပြင်ပေးနေတယ်လို့ အသိပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွယ်ကူစေဖို့အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်းကာ ပြုပြင်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း  ၃ ကြိမ် စစ်တပ်လေကြောင်းတိုက်ခိုက်၊ တနင်္သာရီမြို့နယ်မှာ ၂ လနီးပါး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၇ ဦးထက်မနည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။