မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်း နဲ့ ကျောက္ကာ- ဗော်ဓိတထောင်လမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် အဆိုပါလမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၈ ရက် မနက်ပိုင်းကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတာ‌ကြောင့် အဆိုပါလမ်းပိုင်းကို ပိတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

” လမ်းပိုင်း တလျှောက်လုံးကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာပါဗျ ၊ စစ်ရေးအခြေအနေက ရှုပ်ထွေးနေပါတယ်ဗျ” လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါ လမ်းပိုင်းပိတ်ထားတာကို ခရီးသွားပြည်သူတွေ အနေနဲ့ မလိုက်နာခဲ့ရင် ဖြစ်ပေါ်လာမယ့် ကိစ္စရပ်တွေကို မိမိဘာသာ တာဝန်ယူရမှာဖြစ်သလို စစ်ရေးကြားညှပ်မှုတွေနဲ့ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲတဲ့ ဖြစ်စဉ်တွေ မဖြစ်ပေါ်စေဖို့အတွက် အရေးပေါ်ထုတ်ပြန်ချက်ကို (လုံးဝ) လိုက်နာပေးဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

” တချို့တလေ ဖြတ်သန်းတာမျိုးရှိတော့ ရန်သူကလည်း အိမ်စီးကားတွေ သုံးတာဆိုတော့ မှားယွင်းမှုဖြစ်နိုင်တာရော၊ ပေါ်တာဆွဲခံရတာမျိုးတွေ ဖြစ်မှာစိုးတာကြောင့် လုံး၀ သွားခွင့် ပိတ်ထားတာပါဗျ” လို့ အထက်ပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါ လမ်းပိုင်းကို ပြန်လည် ဖွင့်ကြောင်း မထုတ်ပြန်မချင်း ပိတ်ထားမှာဖြစ်ပြီး လမ်းပိုင်းပြန်ဖွင့်ရင်လည်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကပစ (၆) နှင့် ၁၀ မိုင်သာ ကွာဝေးသည့် ညောင်ကျိုးတိုက်ပွဲ အပြင်းထန်ဆုံးအခြေအနေ ရောက်ရှိနေ၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၇ ဦးခန့်သေဆုံးပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ မှ ဒုတပ်မမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်ကောင်စီရ ခြေမြန်တပ်မ ၃၃ က စစ်သား ၇ ယောက် သေဆုံးပြီး ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြောင်းဖူးချိုးနေတဲ့ မိခင်နဲ့ ၂နှစ်အရွယ် ကလေးငယ် သေဆုံး၊ ဖခင်ဖြစ်သူ ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တောင်ယာခြံထဲ ပြောင်းဖူးချိုးနေတဲ့ သားအမိ ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။