မကွေးတိုင်း မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ကာကင်းစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း G-3 သေနတ် ၃ လက်နဲ့ 7.62 ကျည် အမြောက်အမြားသိမ်းဆည်းရရှိခဲ့ပြီး စစ်သား ၁ ယောက်သေကာ ၃ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ ၊ မြိုင်ပကစတဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Salingyi Special Task Force Drone Team

0 Shares:
You May Also Like
Read More

ဝက်လူးနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းအထက်နှင့် လက်နက် ၁၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေပြီး လက်နက် ၁၈ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်း စစ်ကိုင်းခရိုင်တပ်ရင်း-၃ ထုတ်ပြန်

စစ်ကိုင်းခရိုင်တပ်ရင်း-၃ မှာ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်ရေး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ ရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၈ ရက်မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

သိန္နီမြို့ ဓာတ်ဆီဆိုင်မီးလောင်မှု ရဲဝန်ထမ်းအင်အား တစ်ဝက်နှင့် ငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဒီနေ့ ဇူလိုင်လ ၂၄ ရက် မနက် ၁၁ နာရီခန့်က မြို့ဦးဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ် MNDAA သတင်းပြန်ကြားရေး The Kokang ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားတွင် အထိုင်ချထားသည့် စစ်တပ်ထံ ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာ‌ရွှေဂူနီဘုရားမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေထံ ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာက သတင်းထုတ်ပြန်ပါတယ်။
Read More

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်၏ အရာရှိငယ် သင်တန်း အပတ်စဉ် (၁/၂၀၂၅) ဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က အနာဂတ်တော်လှန်ရေးကို ဦးဆောင်မယ့် အရာရှိငယ်  သင်တန်းသားဦးရေ ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့တဲ့ အပတ်စဥ် (၁) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ပြီးစီးကြောင်း ထုတ်ပြန်ပါတယ်။
Read More

NUG ၏ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ က ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ မှာ ပြည်သူလူထုထံကို NUGက ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ လက်ရှိတော်လှန်ရေးရဲ့ အပြောင်းအလဲ ၊ စစ်ရေးအခြေအနေနဲ့ အနာဂတ်အစီအစဉ်တွေကို အဓိက ပြည်သူလူထုထံ သတင်းစကားပေးအပ်ခဲ့ပါတယ်။