စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၈ ရက် နေ့လယ်ပိုင်းက မြင်းမူမြို့နယ် မြောင်လမ်းခွဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ် ကော်မရှင်တပ်သားတွေကို Fixed Wings Drone တွေအသုံးပြုပြီး ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေက လက်နက်ကြီးတွေနဲ့ အနီးဝန်းကျင်ကို ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ် လို့ သိရပါတယ်။

ဒါ့အပြင် အလကပ္ပရွာ ကိုးဆူဘုရားအတွင်း ယာယီအထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်တွေကို M.D.F Drone ကျားခင်စိန် (Myaung)၊ Popa Guerilla Force(PGF)၊ ယင်းမာပင်ခရိုင် ဗျူဟာ၄၇ Droneတပ်ဖွဲ့၊ B21 Droneတပ်ဖွဲ့၊ Revolution Air Force Drone တပ်ဖွဲ့(Myaung)၊ ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ Peacock Drone Team(Myaung)၊ ဧရာမြွေပွေး ပြောက်ကျားတပ်ဖွဲ့ (NZN)၊ မြင်းမူမြို့နယ် ပ.က.ဖနဲ့ Black Eagle People Defense Force(MMU)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Myaung Drone Force MDF

0 Shares:
You May Also Like
Read More

ဆားတောင်က စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒရုန်းမစ်ရှင်ပြုလုပ်ကာ တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

တောကျီးကန်း (၇) ကောင် တပ်ရင်းမှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်အပြီးပိုင်ချုပ်ငြိမ်းနိုင်ဖို့ တိုက်ပွဲဝင်မယ့် ရဲဘော်သစ်တွေကို တောကျီးကန်းစစ်ကြောင်းမှ ကြိုဆိုလျက်ရှိတယ်လို့ သိရပါတယ်။
Read More

အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကနိုဝင်ဘာ ၂၃ ရက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

အုတ်ဖိုမြို့နယ် ဝိုင်းရွာရဲစခန်း လက်နက်ကြီးထိမှန် မီးလောင်ကာ စစ်ကောင်စီတပ်သား ၁၅ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖထံက သိရပါတယ်။
Read More

S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားတွေတန်းတူ စစ်ရေးလေ့ကျင့်နေကြတဲ့ S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်း လေ့ကျင့်ရေးပုံရိပ်တွေကို အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Read More

ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ပျူစစ်ကြောင်းကို ဒရုန်း ၆ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းကို ဒီဇင်ဘာ ၁၉ ရက်က Fixed wing Drone ၆ စီးနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။