ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ခုတ်မောင်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်သင်္ဘောအုပ်စုင ဒုရဲအုပ် (၁) ယောက်နဲ့ အဓမ္မလူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းစစ်သား (၂) ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဗန်းမော်မြို့ကို စစ်ကူနဲ့ ရိက္ခာပေးပို့နိုင်ဖို့ စစ်သင်္ဘော (၁၇) စီးထက်မနည်း ဇူလိုင်လဆန်းပိုင်းကစတင်ပြီး မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက မြစ်ကြောင်းတလျှောက် အဆင့်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ချိန်အတွင်း အကြမ်းဖက်စစ်တပ်က တပ်ဖွဲ့ဝင်တွေအကြား စစ်သင်္ဘောပေါ်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေချိန် ဒုရဲအုပ် သူရအောင်နဲ့ အဓမ္မလူသစ်စုခံရသူ ဟန်ဝင်းအောင်နဲ့ ပိုင်ထက်အောင်တို့က သင်္ဘောပေါ်ကနေ ခုန်ချထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် စစ်သင်္ဘောပေါ်ပါလာတဲ့ စစ်သားတွေနဲ့ အဓမ္မလူသစ်စုဆောင်းခံရသူတွေကြား စိတ်ဓာတ်ကျဆင်းမှုတွေ ပေါ်ပေါက်နေသလို စစ်တပ်ဆီက ထွက်ပြေးလွတ်မြောက်ဖို့ ကြံစည်မှုတွေ ရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ (၃) ယောက်က ပြောကြားထားတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့ပြီဟု ထုတ်ပြန်

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDF ကို လွှင့်ထူ နိုင်ခဲ့ဖြစ်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) CDF Kanpetlet က ထုတ်ပြန်ပါတယ်။
Read More

KNU ဌာနချုပ်ကို အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရ

ကရင်ပြည်နယ် KNU တပ်မဟာ (၇) နယ်မြေမှာရှိတဲ့ KNU/KNLA ဗဟိုစစ်ရုံးဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။
Read More

ကျောက်မဲနဲ့ မိုင်းငေါ့ကြား ပြိုကျသွားတဲ့ တံတားကို TNLA က ပြန်လည်တည်ဆောက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မိုင်းငေါ့အကြားရှိ ပြိုကျပျက်စီးသွားတဲ့ တံတားတစ်စင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာတာဝန်ရှိသူတွေက ပြန်လည်တည်ဆောက်ပြီးစီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ၊ နွားထိုးကြီးနှင့် တံတားဦးတို့တွင် ၄ ရက်ဆက် တိုက်ပွဲပြင်းထန်၊ စစ်အုပ်စုဘက်က ​၂၀ ကျော်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်း မြင်းခြံ၊ နွားထိုးကြီးနဲ့ တံတားဦးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ၄ရက်ဆက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက်၂၀ နဲ့ အထက် သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် (၄၊ ၁၀) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။