စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းက ကျောက်တန်းရွာမှာ ဒေသခံမိသားစု တစ်စုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူတွေကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၂ ရက် ညသန်းခေါင်အချိန်မှာ ကောလင်း အရှေ့ခြမ်း ကျောက်တန်းရွာနေ ဦးမင်းခေါင်နဲ့ မိသားစုဝင်လေးယောက်ကို ကြိုးတုတ် ရိုက်နှက်ဓါးပြတိုက်ပြီး ငွေသိန်း ၁၆၀ ကျပ်နဲ့ အခြားပစ္စည်းတွေ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အခု အခါမှာတော့ အဆိုပါပူးပေါင်းဓါးပြအဖွဲ့ကို တော်လှန်ရေး အဖွဲ့စည်း ပေါင်းစုံက ကြိုးပမ်းဖော်ထုတ်ပြီး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားခံတွေကတော့ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ၊ ကံကုန်းရွာနဲ့ ကေလင်းမြို့နယ် လက်ပံခုံရွာ၊ လျော်ဖြူကုန်း (အရှေ့ရွာ) ရွာ စတဲ့ ကျေးရွာ ၄ ရွာက ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခမရ (၅၉၁) မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာရှိ စစ်ကော်မရှင်တပ် ခမရ (၅၉၁) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) ဆီက သိရပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်ကို စစ်ကောင်စီက သတ်မှတ်ကြေညာ

ပြင်းထန်ဆိုးရွားတဲ့ ငလျင်ဒဏ်ကြောင့် သေဆုံး ပျက်စီးဆုံးရှုံးရမှုတွေအတွက် ၂၀၂၅ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ရက်များအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ 
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။