ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် မနေ့က ညပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့က KNU တပ်မဟာ (၇) အတွင်းရှိ ဌာနချုပ်ရှိရာ နေရာကို ဗုံးသီး ၈ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အခုက ကြဲသွားတာဟုတ်တယ်။ ဗုံးသီးက ၈လုံးလို့ သိထားတယ်။ ပေါင် ၅၀၀ ပါ/မပါကတော့ ကျွန်တော်တို့ အတိအကျ မသိရသေးဘူး” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

KNLAရဲ့ စစ်ဦးစီးချုပ် စောဂျော်နီ

စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုကြောင့် KNLA ရဲဘော် ၁ ယောက် ထိခိုက်သွားပြီး ဗုံးကြဲချခံရရာ နေအိမ်ဟာ KNLAရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ စောဂျော်နီရဲ့ နေအိမ်ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်းသတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စစ်ကော်မရှင်ဟာ အခုတစ်ခေါက် ဗုံးကြဲတိုက်ခိုက်မှု အပါအဝင် ဌာနချုပ်နေရာကို ဗုံးကြဲတိုက်ခိုက်နေတာဟာ ၆ ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း စစ်ကော်မရှင်က KNLA ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ စောဂျော်နီရဲ့ နေအိမ်ကိုပဲ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမက တိုက်ပွဲတွေမှာ စစ်တပ်က လူအင်အားအလုံးအရင်းနဲ့ အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေရ…

ပဲခူးတိုင်းအနောက်ခြမ်းက ပဲခူးရိုးမပေါ်မှာ နေ့စဉ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က အသေခံ စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေက တဖြေးဖြေးချင်း ဆုတ်ခွာနေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်းတွေကို ကျွေးမွေးလှူဒါန်းမှု (ဓာတ်ပုံသတင်း)

အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်က ရက်ရှည်စစ်ရှောင်စခန်း နေရာ ၃ ခုကို ၃၇၅ နပ်မြောက် လှူဒါန်းမှုအနေနဲ့ မွေးနေ့ရှင်၊ အလှူရှင်တွေကိုယ်စား ကျွေးမွေးလှူဒါန်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက် သေကာ တစ်ယောက် အပြင်းအထန် ဒဏ်ရာရရှိ…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
Read More

မော်လိုက်-ကလေးထောင်တွင် အရေးပေါ်ဆေးကုခွင့်ရဖို့ အာဏာပိုင်များကို လာဘ်ထိုးနေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ဆိပ်ဖြူတွင် ကပစ ၂၂ အား သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးတိုင်ကို စစ်ရေးအရ အရေးပါမှုကြောင့် တော်လှန်ရေးအင်အားစုများ မိုင်းခွဲတိုက်ခိုက်…

" မီးလိုင်းက စလင်းဘက်ကနေ ဆက်သွယ်ထားတာပါ။ ကျနော်တို့ဖောက်ခွဲခဲ့တဲ့နေရာက ဆိပ်ဖြူကနေ လာရင် ၉မိုင်လောက်အကွာမှာဖောက်ခွဲခဲ့တာပါ။ မီးလိုင်းဖျက်တောက်တယ်ဆိုတာကလည်း စစ်ရေးအရ​အရေးပါလို့ပါ။ " လို့ ဆိပ်ဖြူ ပြောက်ကျားတစ်ကိုယ်တော် ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ် တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။