မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ ABSDF အမှတ် – ၂ စစ်ကြောင်းမှာ (၃၇) နှစ်မြောက် ရှစ်လေးလုံး လူထု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားနဲ့ အမှတ်စဉ် (၂/၂၀၂၅) အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက်က ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်း အခြေခံစစ်ပညာ သင်တန်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကိုတော့ ABSDF ကျောင်းသားတပ်မတော်က ခေါင်းဆောင်တွေ ၊ ဗဟိုကော်မတီဝင်တွေ၊ စစ်ကြောင်းမှူးတွေနဲ့ တပ်မှူးတွေ၊ မဟာမိတ် KIO/KIA က တပ်မှူးတွေ၊ အာရက္ခတပ်တော် ULA/AA က တာဝန်ရှိသူတွေ၊ KPDF မှ တပ်မှူးတွေ၊ ကသာ(ပကဖ) မှ တာဝန်ရှိသူတွေ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က တပ်မှူးတွေနဲ့ ဒေသခံပြည်သူတွေ တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲမှာတော့ အပတ်စဥ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တစ်ယောက်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ABSDF ခေါင်းဆောင်တွေကလည်း သင်တန်းဆင်းရဲဘော်တွေကို အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှစ်လေးလုံးအရေးတော်ပုံနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေး အခင်းအကျင်းတွေကို ဆွေးနွေးသုံးသပ် ပြောကြားခဲ့သလို ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်ပေါ်လာပုံကိုလည်း ပြောကြားခဲ့ပြီး စစ်သင်တန်းမှာ ထူးချွန်ဆုရ ရဲဘော်တွေကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ်က ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။
Read More

ပေါ်တာဆွဲဖို့ထွက်လာသည့် စစ်အုပ်စုကားကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကားထိခိုက်ပျက်စီးပြီး သေဆုံးသူတွေလည်းရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကားထိခိုက်ပျက်စီးပြီး ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ရှဲဒိုးက  မောင်းကိုပြောပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ၊ သေနတ်သံကြောင့် ထွက်ကြည့်တဲ့ ရဲတွေပါ ပစ်ခတ်ခံလို့ ထွက်ပြေးရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ယမ်းချက်စက်ရုံဘက်ကနေ လုံးခင်းကိုလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို သြဂုတ်လ ၂၄ ရက်မှာ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝန်းသိုမြို့နယ်အတွင်း NUG အစိုးရ လူထုထောက်ပံ့မှုနှင့် အသိပညာပေးမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေနဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေကို အခု စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။