ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်တော် AA အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီနေ့ သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

AA ရဲ့ ၁၀ ကြိမ်မြောက်အဖြစ် ဩဂုတ်လ ၁၁ ရက် ဒီနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုလိုက်ပါတယ်။

“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထုထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်သလို ပြည်သူအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေဖို့လို့ မြင်ပါတယ်၊ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက် လုပ်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ အကျိုးပြုခဲ့တာမရှိဘူး။ ရခိုင်ပြည်သူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကို တစ်ယောက်မှလည်း စိတ်မဝင်စားဘူးဆိုတာ သေချာပါတယ်” လို့ ခိုင်သုခက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်မြို့တွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ပေမယ့် အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပခွင့် ပေးမှာ မဟုတ်ဘူးလို့ ခိုင်သုခက ပြောဆိုထားပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်အနေနဲ့ ဩဂုတ်လ ၁ ရက်ကစလို့ ၆ လအတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖို့ လုပ်ဆောင်နေပြီး မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအား အာဆီယံနိုင်ငံအချို့က လက်မခံကြသလို တော်လှန်ရေးအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကလည်း မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်မယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

US ရောက် မြန်မာတွေရဲ့ ၁၄၃ ကြိမ်မြောက် ဆန်ဖရန်စစ္စကို မြေပြင် လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

ရွေးကောက်ပွဲအကြောင်းပြ သန်းခေါင်စာရင်းကောက်နေမှုအား နည်းမျိုးစုံနဲ့ တိုက်ဖျက်ကြ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၄၃ ကြိမ်မြောက် စဉ်ဆက်မပြတ် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ နွေဦးတော်လှန်ရေးပြည်သူတွေက စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
Read More

KNU မူတြော်ခရိုင် (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်မှာ ခရိုင်လူငယ်ခေါင်းဆောင်တွေ မဲပေးရွေးချယ်ခဲ့

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်မှာ (၁၁) ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်အစည်းအဝေးကို ဇန်နဝါရီလ ၁၄ ရက်ကနေ ၁၅ ရက်နေ့အထိ နှစ်ရက်ကြာ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်ကို တော်လှန်လိုသည့် တော်လှန်ပြည်သူများအား SSNDF / KNDF B-102 ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်လိုတဲ့ တော်လှန်ပြည်သူတွေကို ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) B-102 က အတူလက်တွဲဖို့ ဖိတ်ခေါ်နေပါတယ်။ 
Read More

တပ်မ (၂၂) မှ စစ်သား ၂ ဦး ကော်ဘရာစစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ၊ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၂၂ က စစ်သား ၂ ယောက် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပူလူတူစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ စစ်သားများ ထိုင်းနိုင်ငံဘက် ထွက်ပြေး

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲက စစ်ကောင်စီတပ်ရဲ့ ပူလူတူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားသည့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဒရုန်းတွေ အသုံးပြုပြီး သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings (FW) ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။