စစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမရှိသလို စစ်တပ်မှ အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့တာကိုလည်း မြစ်ကြီးနားမှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်ကြောင်းသာ တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

KIO/KIA က စစ်အုပ်စုကို ပြီးခဲ့တဲ့လက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စကား စတင် ကမ်းလှမ်းခဲ့ကာ စစ်တပ်ဘက်က ဗန်းမော်တိုက်ပွဲ အကြောင်းပြပြီး ပယ်ချခဲ့တယ်လို့ BBC မြန်မာပိုင်းရဲ့ မေးမြန်းမှုကို ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကို အခုလို ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က “ KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ မနှစ်တုန်းကနေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့) ကိုအမှာစကားပါးပါတယ်။ KIO နဲ့ အွန်လိုင်းဆွေးနွေးဖို့အကြောင်း ကြားတာဖြစ်ပါတယ်။KIO ရဲ့ သဘောထားကတော့ အွန်လိုင်းဆွေးနွေးမှုမဟုတ်ဘဲ (တကယ်ဆွေးနွေးလို စိတ်ရှိတယ်ဆိုရင်) မြစ်ကြီးနားမှာတွေ့ဆုံ့ဖို့အတွက် KIO ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်တယ်လို့ အကြောင်းပြန်ကြားထားပါတယ်။ KIO ကို အကြောင်းပြန်ကြားထားတာမရှိပါဘူး။ လွန်ခဲ့တဲ့ တခါထပ်ပြီး PCG ကနေမေးတာကြောင့် KIO ရဲ့ သဘောထားက ယခင်အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ထားပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က “ KIO ရဲ့ သဘောထားကို သတင်းထုတ်ပြန်တာမျိုး မလုပ်ခဲ့ပေမယ့် တရုတ်နိုင်ငံအထူးကိုယ်စားလှယ်၊ နိုင်ငံတကာ သံတမန်များနှင့် ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်တွေကို အသိပေးထားပြီးဖြစ်ပါတယ်” လို့ ရေးသားထားပါသေးတယ်။

KIO/KIA အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း အမြဲလိုလို တွေ့ဆုံဆွေးနွေးမှုရှိပြီး ချင်းညီနောင် အဖွဲ့ CB နဲ့ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CB ၊ CNF တို့နဲ့ တွေ့ဆုံမှုဟာ ကချင်၊ ချင်း ညီအစ်ကို တွေ့ဆုံမှုဖြစ်သလို တော်လှန်ရေးအဖွဲ့အချင်းချင်း တွေ့ဆုံမှုလည်း ဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရပ်ကွက်ရုံးကို ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲအတွက် သတိပေးခြင်း ဖြစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ၆၇ ရပ်ကွက်ရုံးကို ချိန်ကိုင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က သတင်းထုတ်ပြန်လာပါတယ်။
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။