ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၁) မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး  ကလေးငယ် တစ်ယောက် ရေနစ်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့သည့် ဩဂုတ်လ (၇) ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ အသက် (၃)နှစ်အရွယ် ကလေးငယ်ဟာ ရေနဲ့အတူ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို PSLF/ TNLA တာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်း ရှာဖွေရာမှာတော့ မနေ့က သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ကျောက်မဲမြို့နယ်မှာ အခုလအတွင်း မိုးတွေ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့မှာ ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အမျိုးသား (၂) ယောက် ရေနစ်သေဆုံးသွားခဲ့သေးတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘောလခဲနှင့် ဖားဆောင်းစစ်ဆင်ရေးအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၁၅) က ရဲဘော် ခွန်းဟဲဒီလင်း(ခ)ဂျေဆန်နဲ့ ရဲဘော် စောဆာဘွယ်မူး(ခ)ခူးထျိုးရယ်တို့ဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ရှေ့တန်းစစ်မြေပြင်တွေမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်က ၁၂ ယောက်ထက်မနည်း သေပြီး ၁၀ ယောက်နဲ့အထက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း  အောက်တိုဘာလ (၁၂) ရက်ကစလို့ စစ်ကြောင်းထိုး ၀င်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်က ၁၂ ယောက်ထက်မနည်း သေပြီး ၁၀ ယောက်နဲ့အထက် ဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင်း ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

တီးတိန်အခြေစိုက် ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။