ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ် မေလ ၂ ရက်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာက ရိုဟင်ဂျာအရပ်သား ၆၀၀ ကျော်ကို AA ကနေ သတ်ဖြတ်ခဲ့ပြီး ဒီလုပ်ရပ်ကို AA အနေနဲ့ တာဝန်ယူရမယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့များစွာကနေ စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဒီစွပ်စွဲမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက AA ကျူးလွန်ထားတဲ့ လုပ်ရပ်တွေကို သူတို့အနေနဲ့ လူသက်သေ၊ ဓာတ်ပုံသက်သေတွေကိုလည်း ရရှိထားကြောင်း အတိအလင်း ကြေညာထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်မှာလည်း အဆိုပါ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကနေ AA ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရုတ်ချကြောင်း၊ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC၊ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်း ကျူးလွန်သူတွေကို တာဝန်ယူစေရေး ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ကို တောင်းဆိုထားတာပါ။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ “ဓာတ်ပုံတွေကို ကြည့်ပါ၊ စစ်ကောင်စီတပ်သားတွေရဲ့ ဦးထုပ်တွေ၊ သေဆုံးအလောင်း အရိုးစုတွေမှာ စီးထားတဲ့ ဖိနပ်တွေ အဲဒါတွေက သက်သေပဲ ဖြစ်ပါတယ်၊ စွပ်စွဲထားတဲ့ ဓာတ်ပုံက အလောင်းတွေက စစ်သားအလောင်းတွေပဲ ဖြစ်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘူးသီးတောင်တိုက်ပွဲကနေ စစ်ကောင်စီတပ်သားတွေဟာ ထန်းရှောက်ခံရွာကို ဆုတ်ခွာသွားပြီးနောက် AA ဘက်က ထောင့်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ ချေမှုန်းခဲ့ရာ တိုက်ပွဲမှာ ၃ ရက်တာ ကြာမြင့်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ခိုင်သုခက ထည့်သွင်းပြောဆိုသွားပါတယ်။

ဒါ့အပြင် ထန်းရှောက်ခံရွာသားတွေဟာ တိုက်ပွဲတွေ မတိုင်ခင်ကတည်းက စစ်ရှောင်နေပြီဖြစ်ပြီး စစ်ရှောင်သွားတဲ့ ရွာသားတွေ နေရပ်ပြန်လာချိန်မှာ ၇၉၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ထန်းရှောက်ခံ ရွာသစ်မှာ အဆိုပါရွာသားတွေ နေထိုင်နေသလို ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး သတင်းရယူလိုရင်လည်း AA အစိုးရအနေနဲ့ တာဝန်ယူကာ ရွာကို ပို့ဆောင်ပေးမယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း ရိက္ခာနှင့် စစ်ကူ ပို့သည့် စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင်

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တစ်နှစ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့ဟု NUG ထုတ်ပြန်၊ အကြမ်းဖက်စစ်တပ်မှ ၅၆၉၉ ယောက် သေဆုံးခဲ့ဟု ဆို

၂၀၂၅ ခုနှစ် တနှစ်တာအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား တိုက်ပွဲပေါင်း ၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က အရပ်သားများကို ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်နေချိန် ဘေးကင်းလုံခြုံသည့် ဆေးရုံဆေးခန်းများ လိုအပ်နေပြီဟု ဦးမင်းကိုနိုင် ပြောကြား…

အကြမ်းဖက်စစ်တပ်က ဖက်ဆစ်အပြုအမူအတိုင်း ရိုင်းစိုင်းစွာနဲ့ ဆေးရုံဆေးခန်းနဲ့ စာသင်ကျောင်းတွေလို အရပ်ဖက်ပစ်မှတ်တွေအပါအဝင် လေကြောင်းကနေ ရက်ရက်စက်စက် တိုက်ခိုက်နေချိန်မှာ ဘေးကင်းလုံခြုံတဲ့ ဆေးရုံဆေးခန်းတွေ လိုအပ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၂၂) က တပ်ရင်းရှိ ရဲဘော်တွေအနေနဲ့ စည်းကမ်းရှိ​တဲ့ ရဲ​ဘော်တွေ၊ အမိန့်နာခံမှုရှိ​တဲ့ ရဲ​ဘော်တွေ ၊ ပြည်သူတွေ အားထားရ​တဲ့ ​ရဲ​ဘော်တွေ ဖြစ်​စေဖို့ တစ်လတာ မွမ်းမံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူတွေ ခက်ခဲနေတဲ့ကြားက မြို့ပတ်ရထားလက်မှတ်ခတွေကို စစ်ကောင်စီ တိုးမြှင့်ကောက်ခံမယ်

ဒီဇယ်စျေးမြင့်တက်လာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက လက်မှတ်ခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံတော့မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။