ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၃၄) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ မတရားချုပ်နှောင်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးသွားတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလမှာ KNDF တပ်ရင်းအမှတ် (၃၄) ကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး တပ်ရင်းမှ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအရေးကို ရှေးရှုပြီး အသက်ကိုပေးဆပ်သွားတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ကို သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း KNDF က ဆိုပါတယ်။

ကျဆုံးသွားတဲ့ ဒု-တပ်စုမှူး ရဲဘော်ခူးမီရယ်အတွက် KNDF တပ်ဖွဲ့ဝင်တွေအနေနဲ့ ကျန်ရစ်သူမိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းနယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံး

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်များနှင့်တကွ အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီ တပ်သား ၄ ယောက်က လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force - Hakha (CDF-Hakha) က ထုတ်ပြန်ထားပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဦးနဲ့ ဒီပဲယင်းက နှစ်ရှည်စစ်ရှောင်နဲ့ ပြည်သူများကို စားနပ်ရိက္ခာများ လှူဒါန်း (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အတွင်းက နှစ်ရှည်စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရေဦးမြို့နယ်အခြေစိုက် PDC သတင်းပြန်ကြားရေးဌာနခွဲ၊ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ နဲ့ ရွှေဘိုခရိုင် ပင်မ ပြန်ကြားရေးဌာနတပ်ခွဲ ရေခဲမြစ်ငယ်နွေအဖွဲ့တို့ ပူးပေါင်းပြီး စားနပ်ရိက္ခာတွေကို ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် စစ်အရာရှိများကို သင်တန်းပေးနေချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။