စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေကို မြို့နယ်ရှိ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကို ဩဂုတ်လထဲမှာပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါထောက်ပံ့ကူညီမှုတွေကို မြို့နယ်လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်လူသားစာနာအဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပြည်သူတွေအတွက် သင့်တင့်တဲ့ ငွေကြေးပမာဏာကို ပေးအပ်ခဲ့ပြီး စုစုပေါင်းပြည်သူ(၈) ယောက် ထောက်ပံ့ပိုးကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေကို လူ့အခွင့်အရေးတာဝန်ခံတွေက စိတ်ခွန်အားဖြည့်စကားတွေ ပြောကြားနှစ်သိမ့်ပေးခဲ့သလို ထမင်းအာဟာရကျွေးမွေးတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေအနေနဲ့ ပြည်သူနဲ့ တသားတည်း ရှိနေပြီး လိုအပ်ချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပူးပေါင်း ဆောင်ရွက် ဖြည့်ဆည်းပေးနေတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်များ ဖျက်ဆီး 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အပိုင်ထဲက  ပေါက်ခေါင်း - အုတ်တွင်း လမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက် သေဆုံးပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။ 
Read More

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှ ပြန်လာသည့် 96 Soldiers-PDF ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို (ဓာတ်ပုံသတင်း)

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးနောက် ချင်းပြည်နယ်ကနေ အညာမြေဆီ ပြန်လည်ရောက်ရှိလာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။