မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်ထဲကို အင်အားအများအပြား နဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုမိုင်းဆွဲခံရတဲ့အတွက် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ People’s Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၆ ရက်က စစ်ကောင်စီတပ်သားတွေ နဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့တွေဟာ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဂွေးကုန်း၊ ဝက်ချုပ် လမ်းမှတစ်ဆင့် ထွက်လာချိန် မနက် (၅) နာရီလောက်မှာတော့ ကုန်းအိုင်ရွာထဲမရောက်ခင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်မိုင်း ၃ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ် ။

” စစ်ကြောင်းဝင်မှာဆိုတာကိုတော့ ၄၊ ၅ ရက်လောက်ကြိုသတင်းရထားပါတယ်၊ အပြန်အလှန်ပစ်ခတ်မှုက မဖြစ်လိုက်ပါဘူး ၊ ဒရုန်းနဲ့ လိုက်ကြည့်တဲ့အချိန်မှာ ဒဏ်ရာရတဲ့သူတွေကို ဆွဲခေါ်တယ်သေဆုံးတဲ့သူတွေကိုလည်း မျက်မြင်ပေါ့နော် မိုးကာစအနက်ရောင် နဲ့ ထုပ်ပြီးတော့အလောင်း ၃ လောင်းကို သူတို့ပြန်ပြီးတော့ထမ်းစဉ် နဲ့ ထမ်းသွားပါတယ်” လို့ People’s Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဝင်က မောင်းသတင်းဌာနကို ပြောပါတယ်။

People’s Defence Force -Yenangyaung (YNG-PDF) တပ်ဖွဲ့ဝင်များ

မိုင်းဆွဲတိုက်ခိုက်ခံရပြီနောက် စစ်ကောင်စီတပ်သားတွေဟာ ကုန်းအိုင်ကျေးရွာထဲဝင်ရောက်သွားပြီး ရွာသားတွေရဲ့ နေအိမ်တွေကို မွှေနှောက်ကာ ည (၇) နာရီလောက်မှာတော့ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

ရွာသားတွေကိုတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကျေးရွာထဲစစ်ကြောင်းထိုးဖို့ရှိကြောင်းအသိပေးထားတဲ့အတွက် ဒေသခံတွေကြိုတင်ရှောင်တိမ်းခဲ့တာကြောင့် ဖမ်းဆီးခံရသူမရှ်ိခဲ့ဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF)၊ Yenanthar Column၊Tamar Myay Special Column နဲ့ အင်တောတိုက်နယ်(ပကဖ)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်း ၂ ရက်ဆက် ထိုးစစ်ဆင်ပြီးနောက် KNU ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်အရုံး (KNU) လက်အောက်ခံတပ်တွေ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေး အစွမ်းကုန် တားဆီးသွားမည်ဟု DMO Local PDF ထုတ်ပြန်

မကြာခင် ကျင်းပပြုလုပ်တော့မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် အစွမ်းကုန် တားဆီးသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ထုတ်ပြန်လိုက်ပါတယ်။
Read More

နမခကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိအပါ ၉ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ရဟတ်ယာဉ်တစ်စင်းလည်း မီးလောင်ပျက်စီးနိုင်ခြေရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး‌ေတွနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၉ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဆိုးရွားယုတ်မာတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီ သက်ဆိုးမရှည်ရေး နိုင်ငံတကာ ကူညီပေးဖို့ NUG တောင်းဆို

စစ်ကောင်စီရဲ့  စစ်ရာဇ၀တ်မှုကျူးလွန်နေမှုအပေါ် နိုင်ငံတကာက တစ်စုံတစ်ရာ အရေးယူမှုတွေ မပြုလုပ်တာကြောင့် ပိုမိုအတင့်ရဲနေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။