မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် ဒီနေ့မနကိ အစောပိုင်းက မြိုင်မြို့အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ယောက် သေဆုံးကာ ၃ ယောက် အရှင်ဖမ်းဆီးရရှိထားသလို G-3 သေနတ် ၃ လက် နဲ့ 7.62 ကျည် အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

“ချည်းကပ်တာနဲ့ အချိန် ကြာသွားပေမယ့် အပြန်အလှန် ပစ်ခတ် ချိန် ၄ နာရီ ခန့်ပါ ခင်ဗျ၊ စစ်သုန့်ပန်း‌တွေကို တိုက်ပွဲ အတွင်း ဖမ်းဆီး ထိမ်းသိမ်းရမိခဲ့တာပါဗျ၊ သူတို့ကို စစ်သုန့်ပန်း ဥပဒေ နဲ့ အရေးယူသွားပါမယ်” လို့ ပေါက်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေချိန်အတွင်း တံတားဦး‌လေတပ်ကနေ လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ ၁၂ နာရီ မိနစ် ၂၀ လောက်မှာ တစ်ကြိမ်၊ ၁၂ နာရီ ၂၂ မိနစ်လောက်မှာတစ်ကြိမ်၊ ရှမ်းတဲ‌လေတပ်ကနေ တက်လာတဲ့ FTC 2000G Fighter နဲ့ ၁၂ နာရီခွဲကျော်လောက်မှာ ၂ ကြိမ်၊ တမခ ၁၀၁ ကနေ တက်လာတဲ့ Paramotor (စက်တပ်လေထီး) ၂ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမဲ့လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ထိခိုက်ကျဆုံး သူတွေမရှိခဲ့ဘူးလို့ဆိုပါတယ်။

အဆိုပါ ကင်းစခန်းသိမ်းတိုက်ပွဲအပြီး စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလူပ်ခဲ့တာကြောင့် ကင်းစခန်းကို မီးရှို့ဖျက်ဆီးတာမရှိခဲ့ဘူးလို့ သိရပါတယ်။

“လက်ရှိ အခြေအနေ အသေးစိတ် မရသေးပါဘူးဗျ ၊ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ လေကြောင်းပစ်ကူ လာပါတယ် ၊ ကာကွယ်ရေး တပ်ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိပါဘူးဗျ ၊ကင်းစခန်းကို မီးရှို့တာမျိုး မလုပ်ပါဘူးဗျ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ ၊ မြိုင် ပကဖ၊ ပေါက်မြို့နယ် မြောက်ပိုင်း ပကဖ အပါအဝင် တော်လှန်ရေး မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ်။

မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ
မြိုင်မြို့အနီးရှိစစ်အုပ်စုကင်းစခန်းအားပစ်ခတ်မှုအတွင်း သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

ဘုတလင် သပိတ်အင်အားစုများ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း Billboard တွေကို မုံရွာ-ဘုတလင် ကားလမ်းမပေါ်နဲ့ ဘုတလင်မြို့အနီးမှာ သွားရောက်စိုက်ထူခဲ့ကြောင်း ဘုတလင်မြို့နယ် သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နယ်စပ်တည်ငြိမ်ရေး ထိခိုက်စေသည့် အစွန်းရောက် စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း AA ပြော

အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် အကြမ်းဖက်စစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်ယူဆောင် ထွက်ပြေး၊ ၃ ဦးလုံးကို ပေါက်ပကဖ ထိန်းသိမ်းထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဆီကနေ ပြည်သူ့စစ် (ပစ) ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးလာကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ကြေကွဲနေချိန် ပေါက်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။