မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၉ ရက် မနေ့က ညနေပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သာမဏေ (၁) ပါး၊ ကလေး (၂) ယောက်၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၁) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်း ပေါင် (၂၅၀)ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၇) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဩဂုတ်လ (၈) ရက်အထိ လေကြောင်းကနေ (၆) ကြိမ်အထိ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၃) ယောက်၊ သံဃာတော် (၁) ပါး၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် သေးဆုံးခဲ့ရသလို ကလေးငယ် (၄) ယောက်၊ အမျိုးသမီး (၁၄) ယောက်နဲ့ အမျိုးသား (၃၉) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရ

ရန်ကုန်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။
Read More

ရေစကြိုမြို့နယ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ၈ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအပြီး Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။