စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်လိုတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက်ကို ခက်ခက်ခဲခဲ သွားရောက်ခေါ်ထုတ်ပေးခဲ့ရကြောင်း Budalin Mobile Team (BMT) ရဲ့ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်​က ဘုတလင်​မြို့ပေါ် အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထဲက ကိုချစ်မိုးဆိုသူ စစ်မှုထမ်းတပ်သား ၁ ယောက်ဟာ Budalin Mobile Team (BMT) နဲ့ မုံရွာခရိုင် အမှတ် (၂) တပ်ရင်း ရွာဇော်ကြီးတပ်ခွဲ(YZG) ၊ ကျောင်းသားလက်ရုံးတပ်တော်(SAF) တပ်ဖွဲ့တွေကို ချိတ်ဆက်အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

” မြို့ပေါ်အထိ သွားခေါ်ခဲ့ရပါတယ်။ ထိတွေမှုတွေလည်း ဖြစ်နိုင်တော့ သေချာပြင်ဆင်ပြီးမှ သွားခေါ်ခဲ့တာပါ။ အခုထိ‌တော့ သူ့ကို ထိန်းသိမ်းထားဆဲပါ။ သူဖြစ်ချင်သလို ကျနော်တို့က လုပ်ပေးသွားမှာပါ” လို့ Budalin Mobile Team (BMT) သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ကိုချစ်မိုးဟာ ဧရာ​ဝတီတိုင်းဇာတိ ဖြစ်ပေမယ့်လည်း ရန်ကုန်တိုင်း၊ ဆင်ခြေဖုံးမြို့နယ်တစ်ခုကနေ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုချစ်မိုးကတော့ စစ်သင်တန်း ပြီးဆုံးလို့ အကြမ်းဖက်စစ်တပ််အတွင်းရောက်ရှိစဥ် စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးရာမှာလည်း လိုက်ပါခဲ့ရသလို တပ်ကနေ ထွက်ပြေးနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

” တပ်ထဲမှာ စိတ်လုံခြုံမှုမရှိပဲနေရတာနဲ့ အပြင်မှာလွတ်လွတ်လပ်လပ်နေရတာကွာပါတယ်။ စည်းလုံးညီညွတ်မှုမရှိတဲ့အဖွဲ့စည်းထဲ ကြာရှည်တည်တံ့ဖို့မဖြစ်နိုင်ဘူး။ ခံယူချက်မရှိ၊ ရည်မှန်းချက်မရှိတဲ့ဘဝကနေ ရုန်းထွက်တာအကောင်းဆုံးထင်လို့ ထွက်ခဲ့တာပါ။ ကျန်တဲ့ရဲဘော်တွေကိုမှာချင်တာကတော့ ပြည်သူ့မေတ္တာအစစ်အမှန်နဲ့ လွတ်လပ်တဲ့ခံစားချက်ကိုလိုချင်ရင်တော့ရုန်းထွက်ခဲ့ပါလို့ပြောချင်ပါတယ်။” လို့ ကိုချစ်မိုးက သက်သေခံဗီဒီယိုကတစ်ဆင့် ထုတ်ဖော်ပြောကြားထားပါတယ်။

လက်ရှိမှာတော့ ကိုချစ်မိုးကို ကောင်းကောင်းမွန်မွန်ထားရှိထားသလို စစ်ရာဇဝတ်မှုတွေနဲ့လည်း ပတ်သက်တာမျိုးမရှိတာကြောင့် ဆန္ဒရှိတဲ့အတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ Budalin Mobile Team (BMT) က ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်နက်အပြည့်အစုံ ယူဆောင်၊ အလံဖြူထောင်ကာ ‘အောင်ပြီဟေ့ အောင်ပြီ’ လို့ အော်ဟစ်အလင်းဝင်လာသည့် ပျူစောထီး ဒုခေါင်းဆောင်

“ချိတ်ဆက်မှု တိတိကျကျ မလုပ်ထားဘူးဗျ။ ရုတ်တရက် ထွက်လာတာ။ ကျနော်တို့က ထွက်လာဖို့ရှိတယ်ပဲ သိထားတာ။ သူ့ဘာသာသူ ဆိုင်ကယ်နဲ့ အလံဖြူထောင်ပြီး ထွက်လာတာဗျ။ သူတို့မှာရှိတဲ့ကားမှာ ဘီး ၄လုံးစလုံး ဖြုတ်ထားခဲ့တယ်။ ထော်လာဂျီလည်း ဘီးဖြုတ်ထားခဲ့တယ်။ ပြီးတော့မှ သူက ဆိုင်ကယ်နဲ့စီးပြီး လက်နက် အပြည့်အစုံနဲ့ ထွက်လာတာပါ” လို့ လောင်းလုံးပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ လက်နက်ချခဲ့တဲ့ နန်တိန်းမင် စခန်းသိမ်းတိုက်ပွဲနေ့ကို  ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA သတ်မှတ်

MNDAA က ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန်တိန်းမင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြောင်နဲ့ ရေစကြိုအစပ်မှာ စက်လှေများဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွား၊ စစ်သား အလောင်း ၅ လောင်းနဲ့ ၆ ယောက် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ…

မကွေးတိုင်း၊ မြောင်နဲ့ ရေစကြိုမြို့နယ်အစပ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအလောင်းတွေနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိခဲ့တယ်လို့ Myimmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများ ချန်ရစ်ခဲ့သူ မာရဇ္ဇ၏ နောက်ဆုံးခရီး

ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။