တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို K.N.L.A မှ ကြားဖြတ်တိုက်ခိုက်ရာ ထောက်ပို့ယာဉ် (၂) စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ်၊ သီခွန်းကျေးရွာနဲ့ ချောင်းနှစ်ပေါက်ရွာအကြား ဩဂုတ်လ (၉) ရက်မှာ မောတောင်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ လာပို့သော စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၁) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ထောက်ပို့ ယာဉ် (၂) စီး ပျက်စီးခဲ့ရပြီး စစ်ကောင်စစ်တပ်သား (၅) ဦး သေဆုံး၊ (၁၀) ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဂျပန်နိုင်ငံ ပါတီပေါင်းစုံ လွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည် အစည်းအဝေးကို NUG တက်ရောက် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ ပါတီပေါင်းစုံပါဝင်တဲ့ လွှတ်တော်အမတ်များသမဂ္ဂ (Giren)ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ၁၀ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ..

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတွင် ဖွံ့ဖြိုးရေးကျောင်းထဲရှိ စစ်သားများ လက်နက်ကြီးပစ်ခံရကာ ထိခိုက်မှုများပြား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ဖွံ့ဖြိုးရေးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ် ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွတ်လပ်ပြီး တရားမျှတသည်ဆိုတဲ့ ရွေးကောက်ပွဲအတုတွင် မပြိုင်ရသေးဘဲ ကြံ့ခိုင်ရေး အနိုင်ရနေ

အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ စစ်တပ်ကပဲ စီစဥ်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ မစတင်ခင်အချိန်မှာ လွှတ်တော်အမတ်နေရာ ၂၈ နေရာကို အနိုင်ရနေပြီ ဖြစ်ပါတယ်။