ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ဆလိုင်းရဲမင်းနိုင်ဟာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ဖို့ သင်တန်းတက်ရောက်နေချိန် ဩဂုတ်လ ၇ ရက်မှာ နေထိုင်မကောင်းရာက ရုတ်တရက် ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်ဟာ သင်တန်းကာလမှာ ပေးအပ်ထားတဲ့ တော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့ ကျဆုံးမှုဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ လူစာရင်းနဲ့ လိပ်စာတွေ ရထားပြီ၊ အရေးယူမှုတွေ လုပ်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ပြော

စစ်ကိုင်းမြို့က နာမည်ကြီး ပျူစောထီး ခေါင်းဆောင် ရွှေကျားနဲ့ အဖွဲ့ကို ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် မင်းကွန်းနဲ့ ကျောက်တာရွာက ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ထောက်ပံ့နေသူတွေရဲ့စာရင်းကို ရရှိထားပြီဖြစ်တာကြောင့် အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မော်လိုက်ထောင်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု အစီရင်ခံစာ ထွက်ပေါ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရွာငံ-အောင်ပန်း လမ်းပိုင်းမှာ စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးကို အသေပစ်ခတ်ဖမ်းမိ၊ ပစ္စတို ၁ လက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမှာ ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။
Read More

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှု ကင်းဖို့လိုကြောင်း တရုတ်အကူအညီဖြင့် လားရှိုးမှာ ပြန်လည်တပ်စွဲထားသည့် မင်းအောင်လှိုင် ပြော၊ ယခု နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည်ဟု ဆို

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုမရှိဖို့နဲ့ ပြည်တွင်းအဖျက်အမှောင့် ပယောဂတွေ ကင်းစွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ တရုတ်အကူအညီနဲ့ လားရှိုးမှာ ပြန်လည်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။