မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာ၊ ဟောင်ဝစ်ဇာနဲ့ ပါရာမော်တာတွေအသုံးပြုတိုက်ခိုက်မှုကြောင့် ကျေးရွာ ၂ ရွာက အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

သြဂုတ်လ ၉ ရက် မနေ့မနက်ပိုင်းကစလို့ ရေစကြိုမြို့နယ်အနောက်ပိုင်း၊ တောင်ဦးကျေးရွာကို စစ်အုပ်စုက တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ၂ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့သလို ရေစကြို ဖူလုံ ခလရ ၂၅၆ တပ်ရင်းထဲကပါ တစ်နေကုန် လက်နက်ကြီး ဟောင်ဝစ်ဇာတွေ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြက်ဆူကျင်းကျေးရွာအလယ်ကိုလည်း ပခုက္ကူ တပ်မ ၁၀၁ တက် စက်တပ်လေထီး (ပါရာမော်တာ)၂ စီးနဲ့ ၂ ကြိမ်တိုင်တိုင် သွားရောက် ဗုံးကြဲခဲ့ပါသေးတယ်။

“ဂျက်ဖိုက်တာ နဲ့ ၂ ကြိမ်တိုက်ခိုက်တာခံရပြီး တောင်ဦးရွာက အသက် ၄၀ အရွယ် အမျိုးသား ၁ ယောက် သေတယ်။ ဟောင်ဝစ်ဇာနဲ့ ပစ်ခံရလို့ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးနဲ့ အသက် ၆၀ အရွယ် အမျိုးသမီး သေပါတယ်။ ကြက်ဆူကျင်းရွာလယ်ကို ကြဲချတိုက်ခိုက်ခံရတဲ့ ပါရာမော်တာကြောင့် အရပ်သား ၆ ယောက် ဒဏ်ရာရပါတယ်။ နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်” လို့ ရေစကြိုမြိုနြယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို စစ်အုပ်စုက တိုက်ပွဲတစ်စုံတစ်ရာမရှိပဲ အကြောင်းမဲ့လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထုတ်ပြန်ခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး​ကြေညာထားတဲ့ မြို့နယ်တွေစာရင်းထဲမှာ ရေစကြိုမြို့နယ်လည်း ပါဝင်နေတာဖြစ်ပါတယ်။

” စစ်အုပ်ချုပ်ရေးကြေညာပြီးတည်းက ပထမဆုံး ဆိုးဆိုးရွားရွားပြန်လုပ်လာတာပါပဲ။ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ကြဲတယ်။ ဟောင်ဝစ်ဇာတစ်နေကုန်လုံး ၁၁ လုံး ထုတယ်။ ပါရာမော်တာနဲ့ကြဲပါတယ်” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ သတင်းတာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာ ရေစကြိုမြို့နယ်အတွင်း အရပ်သားဖမ်းဆီးခံရမှုတွေရှိနေသလို မြို့ပေါ်ကတဆင့် နယ်ဘက်ကျေးရွာတွေဆီ ကုန်ပစ္စည်းသယ်ဆောင်ဖွင့်တွေ တင်းကြပ် ပိတ်ပင်ခံထားရပြီး လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာတွေလည်းဆက်တိုက်ရှိနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

တိုင်းပြည် ဆင်းရဲတွင်းနက်နေချိန် နေပြည်တော် ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံသုံးပြီး ပြုပြင်မယ့် စစ်ကောင်စီ 

တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပေါက်မှာ ရွာကင်းစခန်းနား ထောင်ထားတဲ့ မိုင်းတွေနင်းမိလို့ ပျူစောထီး မိန်းမ ၁ ဦး သေ၊ ၁ ဦး ခြေထောက်ပြတ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ပျူစောထီးရွာ ကင်းစခန်းအနီး ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲလို့ ပျူစောထီးအမျိုးသမီး ၁ယောက်​သေဆုံးကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF ရဲ့ ကျားဇိုးက မောင်းကိုပြောပါတယ်။
Read More

ပခုက္ကူ -ကမ္မ -‌ ရေပြာလမ်းပိုင်းနှင့် ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦး အလင်းဝင်လာ

မကွေးတိုင်းအတွင်း ပခုက္ကူ-ကမ္မ-‌ ရေပြာလမ်းပိုင်းနဲ့ ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။