မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သာမဏေတစ်ပါးနဲ့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၉ ရက် မနေ့က ညနေပိုင်းမှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သာမဏေ (၁) ပါး၊ ကလေး (၂) ယောက်၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၁) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်က သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်အတွင်း ပေါင် (၂၅၀)ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၇) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကနေ ဩဂုတ်လ (၈) ရက်အထိ လေကြောင်းကနေ (၆) ကြိမ်အထိ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၃) ယောက်၊ သံဃာတော် (၁) ပါး၊ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် သေးဆုံးခဲ့ရသလို ကလေးငယ် (၄) ယောက်၊ အမျိုးသမီး (၁၄) ယောက်နဲ့ အမျိုးသား (၃၉) ယောက် ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မွန်ပြည်နယ်ရှိ သထုံခရိုင် ပကဖ နှင့် PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်းထွက်ခွာ

မွန်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်း လက်အောက်ခံ ဗျူဟာ (၂၇) နဲ့ KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေခံလှုပ်ရှားနေတဲ့ ပကဖတိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို စုစည်းပြီး ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)နဲ့ (၂) အဖြစ် ဖွဲ့စည်းကာ အထူးစစ်ကြောင်းပုံစံနဲ့ တာဝန်တွေ စတင်ထမ်းဆောင်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းမှုများအပေါ် စစ်ကော်မရှင်ကို စစ်လော်ဘီများ ဝေဖန်ပြစ်တင်

အတုအယောင် ရွေးကောက်ပွဲပုံရိပ်အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တရားစွဲဆိုခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့မှုအတွက် အကြမ်းဖက်စစ်တပ်လော်ဘီတွေကြား စစ်တပ်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်တပ်စခန်းကို (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်…

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

နမ္မတူမြို့နယ် မန်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတော်များ ရွာထဲနေအိမ်များတွင် ခေတ္တသွားရောက် သီတင်းသုံးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းထိုင်ဆရာတော်ထံက သိရပါတယ်။
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။