အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို အလေးပြုခဲ့ပြီး (၄) နှစ်တာကာလအတွင်း တပ်ရင်းမှ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အယောက် (၂၀) အတွက် စစ်ဓလေ့ ထုံးတမ်းနဲ့အညီ အလေးပြု အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အခမ်းအနားကို ရွှေဘိုခရိုင် တပ်ရင်း(၉)ရဲ့ မဟာမိတ် အဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေ ၊ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့အစည်းတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ တပ်ရင်းရဲ့ မိသားစုဝင်တွေနဲ့ ထောက်ပို့ ပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၇) ရဲ့ (၃) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ( ၁၇ ) တည်ထောင်ခဲ့ခြင်း ( ၃ ) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနားကို နိုဝင်ဘာလ(၃၀) ရက်က ကရင်နီပြည် ၊ ရှားတောမြို့နယ် တစ်နေရာရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်နဲ့ PNA ပြည်သူ့စစ် လက်နက်ကြီး ပစ်ခတ်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်လေးပင်ရွာကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက သူ့တပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရှိတဲ့နေရာကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်လို့ စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၄ ယောက် သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်သုံ့ပန်းတွေထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။