ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာဖြစ်ပွား​ခဲ့တဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်စဥ်ဟာ ခမရ ၄၈ တပ်ရင်းမှူး မင်းဇော် နဲ့ အဆင့်ဆင့်သော စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း PDF  အမှတ် (၂) စစ်ဆင်ရေးနယ်မြေအတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ၁ ယောက်က ဝန်ခံထွက်ဆိုပါတယ်။

ဒီထွက်ဆိုချက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်က ထုတ်ပြန်ခဲ့တဲ့ PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေနဲ့ စစ်သုံ့ပန်းတွေရဲ့ အမေးအဖြေ ရုပ်သံဖိုင်က ဖြစ်ပြီး အဲ့ဒီအထဲမှာ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ညောင်ပင်သာရွာအစုလိုက်အပြုံလိုက် အသတ်ခံရမှုဖြစ်စဥ်လည်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၀ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာခဲ့တဲ့ အ​ကြမ်းဖက်စစ်တပ်က ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါ အရပ်သား ၁၉ယောက်ကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူတွေထဲ ကလေး ၄ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက် ပါဝင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး  KNU က အမည်စာရင်းနဲ့တကွ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒီဖြစ်စဥ်ကို စစ်သုံ့ပန်းဖြစ်သူ လွင်ဦး​ဆိုသူကလည်း ရုပ်သံဖိုင်နဲ့ ထပ်မံဝန်ခံထွက်ဆိုထားတာဖြစ်ပါတယ်။

စစ်သုံ့ပန်းလွင်ဦးရဲ့ ပြောပြချက်အရ ညောင်ပင်သာကျေးရွာကို ဆယ်တန်းစာမေးပွဲလုံခြုံရေးအတွက် ခမရ ၄၈ တပ်ရင်းက အရင်သွားရောက်ရင်း KNU အပါ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

” ၄၈တပ်ရင်းက အရင်သွားတာ၊ ကျ​နော်တို့က နောက်မှာလိုက်မှာပေါ့။ အဲ့မှာ တိုက်ပွဲဖြစ်တယ်။ အိမ်တွေမီးရှို့ခံရတယ်။ KNU ကရှို့သွားတယ်ပြောတယ်။ KNU ရှို့နေတဲ့အချိန် ၄၈ကဝင်လုံးရင်းမနိုင်လို့ ကျနော်တို့ကို ခေါ်လို့ ညချင်းလိုက်သွားရတယ်။ ဟိုရောက်တော့ ၄၈ကမရှိတော့ဘူး။ ရွာထဲမှာလည်း တစ်ယောက်စနှစ်ယောက်စရလွဲလို့ အရပ်သားတွေမရှိတော့ဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာကလည်း ကျနော်တို့ကိုလည်းလာပစ်လိုက်ပြေးသွားလိုက်လောက်ပဲရှိတော့တယ်ပေါ့” လို့ စစ်သုံ့ပန်းလွင်ဦးက ထွက်ဆိုပါတယ်။ 

သူကပဲ ဆက်လက်ပြီး ” အဲ့ဒီမှာ ကျနော်တို့တွေ ဒရုန်းပါထိတော့ တိုက်ခန်းထဲဝင်ပုန်းရတယ်။ တစ်နေကုန်ဘာမှမထူးပဲ ညနေလောက်မှာ အိမ်စုတွေကနေ စနိုက်ဘာနဲ့လာပစ်တော့ ကျနော်တို့ တပ်ရင်းမှူး သက်နိုင်က ဆီဗုံးတွေယူပြီး အဲ့အိမ်တွေကို မီးသွားရှို့ခိုင်းတယ်။ ညတွင်းချင်းပဲသွားရှို့ရတယ်။ အိမ်လေးလုံးငါးလုံးလောက်ပါသွားပေမယ့် ပြည်သူတွေတော့မပါဘူး။ ၄၈တပ်ရင်းကရှို့တဲ့အထဲမှာပဲ ပြည်သူတွေပါသွားတယ်။ ကိုယ်တိုင်မမြင်ရပေမယ့် ဓာတ်ပုံထဲမှာတော့ပါနေတယ်။ မီးရှို့ခံထားရတဲ့နေရာကိုသွားကြည့်ပေမယ့်  အနီးကပ်မကြည့်လိုက်ရပါဘူး။ ဒီရောက်လို့ဆရာတစ်ယောက်ပြမှ ဓာတ်ပုံကိုကြည့်လိုက်ရတာ။ အဲ့လိုလုပ်တာသိရတော့ စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။

လွင်ဦးရဲ့ထွက်ဆိုချက်အရ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ခမရ ၄၈ တပ်ရင်းမှူး မင်းဇော်က ဦးဆောင်ပြီး တပ်ကြပ်ကြီးနဲ့ တပ်ကြပ်အဆင့်ရှိသူတွေ ဗိုလ်လေးနဲ့ ဆေးတပ်တာဝန်ရှိသူတွေအပြင် တပ်သားတွေပါ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

“ပြည်သူတွေကို တစ်ခါမှနိုင်ထက်စီးနင်းမလုပ်ခဲ့ဖူးတော့ စိတ်ထဲမကောင်းဘူး။ မလုပ်သင့်ဘူးလို့ပဲပြောချင်််တယ်။ တပ်ထဲကအချို့သူတွေဆို ဒီလိုသေတာကို စိတ်မကောင်းမဖြစ်ပဲ သေမှာပေါ့ KNU ကိုသတင်းပေးတာကိုတို့ သတင်းမေးရင်မဖြေတာကိုးလို့ဆိုပြီးပြောတာတောင်ရှိပါတယ်” လို့ စစ်သုံ့ပန်းလွင်ဦးက ထွက်ဆိုခဲ့ပါတယ်။

ညောင်ပင်သာရွာတိုက်ပွဲမှာ ဗိုလ်အပါ ၅ ယောက် သေ ဆုံးခဲ့တဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ ညောင်ပင်သာ ရွာခံ အရပ်သား အယောက် ၂၀ ကို PDF အယောင်ဆောင် ဖမ်းဆီးခေါ်ဆောင်ရင်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီအထဲက အရပ်သား ၁၉ ယောက်ကို ကြိုးတုတ် မီးရှို့သတ်ဖြတ်ခဲ့သလို ကျန်အရပ်သား ၁ ယောက်ကိုလည်း သချိုင်းကုန်းနားဖမ်းဆီးခေါ်ဆောင်ရင်း နှိပ်စက်သတ်ဖြတ်ခဲ့သေးကြောင်း KNU က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကို အလွန်အကျွံ အသုံးပြုတိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းနေရာမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဓားစာခံများအား ဖမ်းဆီးလာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးကာ ပြည်သူ ၇ဦး ထွက်ပြေးလွတ်မြောက်

“ကလေးငယ်တွေအပါအဝင် အမျိုးသမီးနဲ့ အမျိုးသား ၄၀ လောက်ကို ဖမ်းတယ်။ ၂၃ရက်နေ့မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြန်လွှတ်ပေးတယ်။ ၂၄ရက်နေ့ကျ ဘန့်ဘွေးကုန်းရွာက စခ စခန်းဆီ အမျိုးသားတွေ ဖမ်းခေါ်လာတယ်သတင်းရလို့ စောင့်တိုက်တာ။ ဘန့်ဘွေးကုန်းက စခ စခန်းကို မသာ ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ကောင် သယ်လာတယ်လို့ ကြားသိရတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာ မှာ စစ်တပ်က ကျေးရွာတွေကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ဦး ဗုံးသီးထိမှန် သေဆုံး

မန္တလေးတိုင်း မိထ္ထီလာခရိုင် တောင်သာမြို့နယ် ညောင်ကုန်းကျေးရွာကို စက်တပ်လေထီးကနေ ပစ်ခတ်ဗုံးကြဲခဲ့လို့ အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့လည်း ရှိကာ၊ အိမ်မွေးတိရိစ္ဆာန်အချို့ပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။