မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များအဖြစ် လျှောက်ထားဆဲသူများ ပါဝင်တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတင်ဆက်မှုတွေကိုသာ ရိုက်ကူးခွင့်၊ ဆင်ဆာကြည့်ရှုခွင့်တွေ ပေးတော့မှာဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်ဝေခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင် မဖြစ်သူတွေအဖို့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်ကားနဲ့ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတိုတွေမှာ တရားဝင် ပါဝင်ရိုက်ကူးခွင့်မရှိကြောင်းနဲ့ ရိုက်ကူးထားရင်လည်း ဆင်ဆာတင်ခွင့်မရဖို့ ကန့်သတ်လိုက်တာဖြစ်ကြောင်း နားလည်ရပါတယ်။

ရုပ်ရှင်နဲ့ဆက်စပ်တဲ့ လုပ်ငန်းလိုင်စင်တွေ လျှောက်ထားဖို့ ထောက်ခံချက်ပေးတာအပါအဝင် ရုံတင် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဇာတ်လမ်း၊ တေးသီချင်းဗီဒီယို၊ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတိုတွေ ရိုက်ကူးခွင့်ပေးတာ၊ ဆင်ဆာကြည့်ရှုခွင့်တင်တာတွေအပေါ် ပြီးခဲ့တဲ့ ၁၉၉၆ ရုပ်ရှင်ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ပြောထားပြီး လာမယ့်အောက်တိုဘာလ ၁ရက်နေ့မှာ စတင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရှေ့မှာလည်း ရုပ်ရှင်နဲ့ ဗီဒီယိုတေးသီချင်းတွေ ရိုက်ကူးထုတ်လွှင့်မယ်ဆိုရင် ရုပ်ရှင်ဆင်ဆာနဲ့ ဗီဒီယိုဆင်ဆာအဖွဲ့ထံ တင်ပြရမယ်လို့ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် မြန်မာစာတန်းထိုး နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေ ပြသနေတဲ့ AWS+ နဲ့ cmapp.tv. အက်ပလီကေးရှင်း နှစ်ခုကိုလည်း စိစစ်ရေးအဖွဲ့ထံ တင်ပြထားခြင်းမရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လွှင့်ပြသခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူသွားဖို့ရှိနေပါတယ်။

ဒါဟာ အရပ်သားအစိုးရလက်ထက် ဖြေလျှော့ခဲ့တဲ့ အနုပညာဖန်တီးမှုတွေ၊ ဆင်ဆာသတ်မှတ်ချက်တွေကို အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရုပ်ရှင်အစည်းရုံးဘက်က တကျော့ပြန် ပြန်လည်တင်းကြပ်လာတာဖြစ်ပြီး တရားစွဲဆိုတာ၊ ရုံတင်စနစ်ပြောင်းလဲတာနဲ့ ရုပ်ရှင်ဥယျာဥ်မြို့တော်လုပ်ငန်းတွေအပါအဝင် လုပ်ပိုင်ခွင့်တွေလည်း ပိုမိုရရှိလာတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံ ရုပ်ရှင်ရုံတင်စနစ်နဲ့ အများပြည်သူ ကြည့်ရှုတဲ့ ရုပ်သံလိုင်းတွေမှာ ပြသနေတဲ့ ဖျော်ဖြေရေး ဇာတ်လမ်းတွဲတွေအပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဘက်က ရုပ်ရှင်လောကသားတွေအနေနဲ့ လောင်းကစားကြော်ငြာတွေ လက်ခံရိုက်ကူးရင် အရေးယူမယ်လို့ စာထုတ်ပြောကြားထားပေမယ့် စစ်တပ်ထောက်ခံသူနဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကတော့ ပေါ်ပေါ်ထင်ထင် ရိုက်ကူးမှုတွေ ရှိနေတာဖြစ်ပါတယ်။

ပုံစာ – ၂၀၂၄ ခုနှစ် အကယ်ဒမီပေးပွဲတွင် မြင်တွေ့ရသည့် စစ်ခေါင်းဆောင်နှင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးကြည်စိုးထွန်း
0 Shares:
You May Also Like
Read More

မြဝတီမှာ ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရမှုအတွက် ၆နှစ် ကလေးငယ်အပါ ၁၆ ဦးကို ဆက်စပ်တရားခံများအဖြစ် စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထား

သံအမတ်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ၆နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၆ ‌ယောက်ကို တရားခံအဖြစ် ဖမ်းဆီးထားကြောင်း မနေ့က ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

တောင်စုတိုက်ပွဲနှင့်တော်ဝိတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား နေရပ်သို့ပြန်လည်ပို့ဆောင်ဟု KNU ထုတ်ပြန်၊ မပြန်နိုင်သေးသည့်သူများအား အလုပ်အကိုင်ရှာဖွေပေးကာ ထိန်းသိမ်းထားရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ တောင်စုတိုက်ပွဲနဲ့ ကျောက်ကြီးမြို့နယ်၊ တော်ဝိတိုက်ပွဲတွေမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နေရပ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်တင် ဆောင်ရွက်မယ်လို့ မင်းအောင်လှိုင် ပြော

တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အများဆုံးရောက်ရှိနေတဲ့ နိုင်ငံတဝန်းက တရုတ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
Read More

သာယာဝတီက အနှိပ်ခန်းမှာ ရဲအချင်းချင်း စကားများ ပစ်ခတ်လို့ ရဲအုပ်သေ

ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့…